Skip to main content

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကာလအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အာရပ်စော်ဘွားများ ပြည်ထောင်စုကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Minister of State Mr. Khalifa Shaheen Almarar ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr. Hasan Mahmud, MP နှင့် ယူဂန်ဒါနိုင်ငံ Minister of State Hon. John Mulimba တို့နှင့် တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၁

ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် အာရပ်စော်ဘွားများ ပြည်ထောင်စုကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Minister of State Mr. Khalifa Shaheen Almarar နှင့် ဇန်နဝါရီ ၁၉ ရက်တွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. Hasan Mahmud, MP နှင့် ယူဂန်ဒါ Minister of State for Foreign Affairs Hon. John Mulimba တို့နှင့် ဇန်နဝါရီ ၂၀ ရက်တွင်လည်းကောင်း ရန်ဇိုရီကွန်ဗင်းရှင်းစင်တာ၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာ-အာရပ်စော်ဘွားများ ပြည်ထောင်စု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ-ယူဂန်ဒါ တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာစေရေး၊ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

သတင်းစဉ်