Skip to main content

ဒုတိယဝန်ကြီး ဦးအေးကျော် EV Charging Station ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းခွင်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ၊ ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန်အမှတ်(၃)ရှိ ၃၃ ကေဗွီ EV Charging Station ဓာတ်အား ခွဲရုံအသစ် တည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကြံ့ခိုင်မှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး EV Charging Station များကို ဓာတ်အားပေးနိုင်ရန်အတွက် ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန်အမှတ် (၃) တွင် အသစ်တည်ဆောက်နေသော ၃၃/၁၁ ကေဗွီ, ၂၀အမ်ဗွီအေ EV Charging Station ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းခွင်သို့သွားရောက် စစ်ဆေး၍ လုပ်ငန်းများအားစံချိန် စံညွှန်းပြည့်မီစွာဖြင့် အသေးစိတ် အချိန်ဇယားရေးဆွဲကာ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်