Skip to main content

ကော့ကရိတ်မြို့ စစ်ရှောင်အိမ် ၅၀ ကျော် ထပ်မံမီးလောင်၊ တပ်မတော်ကမီးရှို့ဖျက်ဆီးဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီလ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၅) ရပ်ကွက်ရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ် (၅၀) လုံးထက်မနည်းအား ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တပ်ချထားခြင်းမရှိဘဲ တပ်မတော်က နေအိမ်ရှိပစ္စည်းများဝင်ခိုးပြီး မီးရှို့ဖျက်ဆီးသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့် ဒေသခံပြည်သူများထံမှ သိရှိရသောသတင်းများအရ ဇန်နဝါရီလ ၂၁ ရက် နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် ကော့ကရိတ်မြို့နယ်၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာ (၅) ရပ်ကွက်ရှိ ၂ ထပ် အုတ်ညှပ်၊ ပျဉ်ထောင်၊ သွပ်မိုး၊ နေအိမ်အား PDFအမည်ခံ အကြမ်းဖက်သမားများနှင့် KKO သောင်းကျန်းသူအဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ရာမှ အနီးရှိနေအိမ်များအား မီးဆက်လက်လောင်ကျွမ်းခဲ့သဖြင့် နေအိမ်အလုံး ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်သမားများမှ ဒေသခံပြည်သူများ၏ နေအိမ်၊ အဆောက်အဦများ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများကို အကာအကွယ်ယူအသုံးပြု၍ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုများလုပ်ဆောင်လျှက်ရှိသည်ကို အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက ဖုံးကွယ်ပေးရန်အတွက် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေလျက်ရှိကြောင်း သတင်းရရှိသည်။