နေပြည်တော် ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ကံကြီးရွာကို ဇန်နဝါရီ ၃၁ ရက်က တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ် ရာ တွေ့ရှိရသည်။
PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများကို အဓိကထား၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး ခြင်း၊ Drone များဖြင့် ဗုံးကြဲခြင်း၊ လက်လုပ်ဗုံးသီး၊ လက်လုပ်စိန်ပြောင်းများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်ခြင်းများကြောင့် ပြည်သူများသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရရှိခြင်းများနှင့် နေအိမ်များ မီးလောင်ဆုံးရှုံးမှုများ ဖြစ်ပွားလျက်ရှိသည်။
ယခုဖြစ်စဉ်တွင်လည်း ပုလဲမြို့နယ် ကံကြီးရွာကို တပ်မတော်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပြီး မြေပြင်သတင်းပေးပို့ ချက်အရ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်းမရှိသည့် ကံကြီးကျေးရွာကို PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက Drone များဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့်သာဖြစ်ပြီး တရားမဝင်ပြည်ဖျက်မီဒီယာများမှ ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်