Skip to main content

ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တပ်ကုန်းမြို့နယ် စီမံကိန်းဦးစီးရုံးနှင့် ဇေယျာသီရိမြို့နယ် စီမံကိန်းဦးစီးရုံးများသို့ သွားရောက်စစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်စီမံကိန်းဦးစီးရုံးနှင့် ဇေယျာသီရိမြို့နယ်စီမံကိန်းဦးစီးရုံးများသို့ သွားရောက်စစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်စီမံကိန်းဦးစီးရုံးနှင့် ဇေယျာသီရိ မြို့နယ်စီမံကိန်းဦးစီးရုံးများသို့ သွားရောက်၍ အဆိုပါစီမံကိန်းဦးစီးရုံးများ၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းအကောင်အထည်ဖော်ရာ၌ သက်ဆိုင်ရာမြို့နယ်အလိုက် မိမိတို့နှင့် သက်ဆိုင်သည့် စီမံကိန်းလုပ်ငန်းများကို စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရန်၊ စာရင်းဇယားများ ပြည့်စုံမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိကဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်းလျာထားချက်များတွင် စနစ်တကျထည့်သွင်းနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းနှင့် စီမံကိန်းများအတွက် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်းစဉ်