နေပြည်တော် ဖေဖော်ဝါရီ ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူနေပြည်တော် ကောင်စီနယ်မြေလယ်ဝေးမြို့နယ် ရွှေပြည်သာကျေးရွာအုပ်စု ဝဲကြီးကျေးရွာသို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးထားသည့် Mobile Solar စနစ်စိုက်ပျိုးရေရရှိရေးလုပ်ငန်းနှင့် ၎င်းလုပ်ငန်းဖြင့် အောင်မြင်ဖြစ်ထွန်းနေသာ ငရုတ်၊ ပြောင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနှင့် မြေပဲသီးနှံစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။
သုံးရာသီစလုံးစိုက်ပျိုး
ရွှေပြည်သာ ကျေးရွာအုပ်စု ဝက္ကမူကျေးရွာအနီး ပလွေးချောင်းအား Geotextile နည်းစနစ်ဖြင့်ချောင်းပိတ်မြောင်းပိတ် ပြုလုပ်၍စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေး ဦးစီးဌာနကဆောင်ရွက်ပေးခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက 2.16 KW ဆိုလာနှစ်စုံဖြင့်စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းဆောင်ရွက်ပေးခဲ့ကာ စိုက်ပျိုးဧက၆၄ ဒသမ ၃၃ ဧကတွင် ငရုတ်၊ ပြောင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနှင့် မြေပဲသီးနှံများကို သုံးရာသီစလုံး စိုက်ပျိုးလျက်ရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေပြည်သာကျေးရွာအုပ်စုဝဲကြီးကျေးရွာနှင့် သာယာစုကျေးရွာတို့မှ သမဝါယမအသင်းသားများ၊ တောင်သူများနှင့်တွေ့ဆုံ၍ ဆိုလာစက်ပစ္စည်းများနှင့် ချောင်းပိတ်ဆည်အား မိမိပိုင်ပစ္စည်းကဲ့သို့ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရေး၊စိုက်ပျိုးရေရရှိပြီဖြစ်၍ သုံးရာသီလုံးစဉ်ဆက်မပြတ် စိုက်ပျိုးကြရေး မှာကြားကာ ဒေသခံတောင်သူများ၏တင်ပြချက်ဖြစ်သော လက်ရှိ ၆၄ဒသမ ၃၃ ဧကအပြင် အခြားစိုက်ဧက ၁၀၀ တွင်လည်း ဆိုလာရေတင်စနစ် ပြုလုပ်ပေးနိုင်ရေး၊ရွှေပြည်သာ ကျေးရွာအုပ်စုမှထွက်ရှိလာသော ငရုတ်၊ ပြောင်း၊ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနှင့် မြေပဲသီးနှံများကို အာဟာရသုခ ဈေးသို့တိုက်ရိုက်တင်ပို့ရောင်းချ နေရာထပ်မံရရှိရေးကိစ္စများ ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက်သည်။
ယခုကဲ့သို့ ဆိုလာရေတင်စနစ်စီစဉ် ဆောင်ရွက်ပေးခြင်းဖြင့်ဝဲကြီးကျေးရွာနှင့် သာယာစုကျေးရွာများမှ ဒေသခံတောင်သူများအနေဖြင့် သုံးရာသီလုံးစိုက်ပျိုးနိုင်၍ စိုက်ဧက တစ်ဧကအပေါ် ငွေကျပ်သိန်း ၁၀၀ ခန့်ဝင်ငွေရရှိနေပြီး ယင်းသီးနှံများကိုနေပြည်တော်ကောင်စီနှင့် ညှိနှိုင်းလျက်အာဟာရသုခဈေးတွင် တိုက်ရိုက်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားသည်။ ယင်းနောက် ဒုတိယဝန်ကြီး သည် လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာသို့သွားရောက်ပြီး ကောင်းသစ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ နွေစပါးစိုက်ဧက ၄၀၀ စိုက်ပျိုးရန်အတွက် သမဝါယမအသင်းနှင့်အသင်း သားပိုင်ထွန်စက် ၁၁ စီး၊ JohnDeere ကုမ္ပဏီမှ ထွန်စက်တစ်စီးတို့ဖြင့် သမဝါယမလယ်ယာဝန်ဆောင်မှု ပေးနေသောလုပ်ငန်းကို ကြည့်ရှုအားပေးပြီးအသင်းသား တောင်သူများ၏ဒေသဖွံ့ဖြိုးရေး တင်ပြချက်များကိုလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ လုပ်ငန်းအနေဖြင့် ဖေဖော်ဝါရီ ၂ ရက်တွင် စိုက်ဧက ၁၃၀ ထွန်ယက်ပြီးစီးမည်ဖြစ်ပြီး ကျန်စိုက်ဧက၂၇၀ကိုဆောင်းရာသီမတ်ပဲသီးနှံ ရိတ်သိမ်းပြီးစီးမည့်ဖေဖော်ဝါရီလကုန်၌ ဆက်လက်ထွန်ယက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်