Jan 26, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jan 26, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr.Chen Hai ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 26, 2024
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” (စတုတ္ထနေ့) ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) တွင် ကျင်းပခဲ့ရာ နံနက်ပိုင်းတွင် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတမ်း စုစုပေါင်း (၁၀) စောင်ကို စာတမ်းရှင်များက ဖတ်ကြားတင်ပြသည်။
Jan 26, 2024
မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် (၁၂)ကြိမ်မြောက် အာဆီယံဥပဒေရေးရာ ဝန်ကြီးများအစည်းအဝေး (12thASEAN LAW MINISTERS MEETING - ALAWMM) နှင့် (၂၂) ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများအစည်းအဝေး (22nd ASEAN LAW OFFICIALS MEETING- ASLOM) ကို ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ (၁၂) ကြိမ် မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး၏ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးကလည်းကောင်း၊ (၂၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးကလည်းကောင်း ဆောင်ရွက်ကြသည်။
Jan 26, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။
Jan 26, 2024
တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၃)၊ တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၇)နှင့် တပ်မတော်(ရေ) အမျိုးသမီးအရာရှိငယ် သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ဇွဲဝင်းမြင့် တက်ရောက်မိန့်ခွန်းပြောကြားသည်။
သာစည်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၅ သိန်း ဖမ်းဆီးရမိ
Jan 26, 2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jan 26, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 26, 2024
(၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Jan 26, 2024
ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပပြီးစီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအပြီး အာရှအဆင့်နှင့်ကမ္ဘာ့အဆင့် အားကစား ပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားအသင်းအဖွဲ့များကို နိုင်ငံတော်အဆင့် ထပ်မံဂုဏ်ပြုသည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
Jan 26, 2024
မကူးစက်နိုင်သောရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေသန်း ၄၀ ကျော် သေဆုံးနေကြရသည်။ မကူးစက်နိုင်သောရောဂါများဆိုသည်မှာ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဦးနှောက်သွေးကြောပြတ်-သွေးကြောပိတ်ရောဂါ၊ ကင်ဆာရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောင် ရောဂါကဲ့သို့သော ရောဂါများဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများမှာပါ မကူးစက်နိုင်သော ရောဂါများကြောင့် လူသေဆုံးမှုက ကူးစက်ရောဂါများကြောင့် သေဆုံးမှုထက် ပိုမိုများပြားနေကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားသည်။
Jan 25, 2024
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းကျေးရွာအား ဇန်နဝါရီ ၂၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 25, 2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်သည့် အချိန်မှစ၍ လွိုင်ကော်မြို့ရှိ ပြည်သူ့နေအိမ်များကို တပ်မတော်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းတို့ကြောင့် လွိုင်ကော်မြို့မဈေးကြီး အပါအဝင် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းတု၊ သတင်းအမှားများကို အကြမ်းဖက်အားပေးမီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 25, 2024
(၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံ သုတေသနညီလာခံ
Jan 25, 2024
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Boeing 737-800 Freighter လေယာဉ်အား ကြိုဆိုသည့်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။
Jan 25, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ကရင်ပြည်နယ် ဘားအံမြို့၌ တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကရင်ပြည်နယ်ရုံး သင်တန်းခန်းမ၌ တွေ့ဆုံခဲ့သည်။
Jan 25, 2024
ပြည်ပအစည်းအဝေး အလုပ်ရုံ ဆွေးနွေးပွဲများနှင့် သင်တန်းများသို့ တက်ရောက်လေ့လာခဲ့ကြသော ဝန်ထမ်းများ၏ သင်ယူလေ့လာနိုင်မှုစွမ်းရည်များကို အကဲဖြတ်နိုင်ရန်နှင့် ယင်းတို့၏ အတွေ့အကြုံများ၊ နည်းပညာ ဗဟုသုတများ ပြန်လည်မျှဝေနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြည်ပအတွေ့အကြုံ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်ပအတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 25, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး သင်တန်းခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် ခေတ်မီမော်တာစက်ချုပ် အခြေခံသင်တန်း တက်ရောက်နေသည့် သင်တန်းသူများကို တွေ့ဆုံအားပေး၍ သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
Jan 25, 2024
(၇) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ် အဆင့်အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။
Jan 25, 2024
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာန ၁၁ ခုမှ ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံသည်။
