Skip to main content

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်

နေပြည်တော် မေ ၃၁

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနဝရတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ကြိုးစားသင်ယူ

အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်း ၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အသီးသီးသို့ တက်ရောက်ပညာသင်ကြားကြမည့် ဝန်ထမ်းသားသမီးများ၏ ပညာသင်စရိတ်များ အထိုက်အလျောက်အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ထောက်ပံ့ရခြင်းဖြစ်ပါကြောင်း၊ လူငယ်နှင့်ပညာရေးသည် နိုင်ငံ၏အနာဂတ်ဖြစ်သည့်အတွက် ပညာတတ်လူငယ်များဖြစ်ပေါ်လာစေရန် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ ယနေ့လူငယ်ကျောင်းသားများသည် အနာဂတ်တွင်တိုင်းပြည်တာဝန်ကို ပခုံးပြောင်းတာဝန်ယူကြရမည့် မျိုးဆက်သစ်များဖြစ်ရာ အသိပညာပြည့်စုံ၍ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်ပြီး အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်သည့် ခေါင်းဆောင်ကောင်းများဖြစ်စေရန် ပညာကိုအပတ်တကုတ် ကြိုးစားသင်ယူကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များကကျောင်းသား ကျောင်းသူ၊ သားငယ်၊ သမီးငယ်များကို ပညာသင်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စီမံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထောက်ပံ့ပေးအပ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများဖြစ် သည့် တက္ကသိုလ်တက်ရောက်သူ ၁၅ ဦး၊ အထက်တန်းတက်ရောက် သူ ၂၄ ဦး၊ အလယ်တန်း တက်ရောက်သူ ၄၁ ဦး၊ မူလတန်း တက်ရောက်သူ ၈၅ ဦး စုစုပေါင်း ၁၆၅ ဦးအတွက် ပညာသင်ထောက်ပံ့ငွေကျပ် ၃၁၄၅၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်