Skip to main content

Jan 24, 2024

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၂ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် နမ္မတီးမြို့ ကံလှကျေးရွာ ရေအေးချောင်းတံတားအနီး၌ တရားမဝင် အခြားသစ် ၄ ဒသမ ၃၃ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၈၃၂၄)နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့် Dong Feng မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၃၈၃၂၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေးတစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက် နံနက်မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် နှစ်ပေ ငါးလက်မ၊ ကိုယ်လုံး လုံးပတ် သုံးပေတစ်လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Yar Zar Min Industry Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Yutong အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် အားသွင်းစက် (80 KW, EV Charger) များသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်းတန် ၃၂ ဒသမ ၄၆၃၀၊ သစ်မာ ၁၆ ဒသမ ၄၂၁၄ တန်၊ အခြား ၃၄ ဒသမ ၄၁၄၆ တန် စုစုပေါင်းတန် ၈၃ ဒသမ ၂၉၉၀၊ ယာဉ်/ ယန္တရား ၁၀ စီး၊ တရားခံ ၁၈ ဦး ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီတွင် ဗန်းမော်မြို့ နောင်ခိုရပ်ကွက်ရှိ ရေဆိပ်၌ တာပိန်ချောင်းအတိုင်း ဖိုးထောင် (ခ) ကျော်ထက်နိုင်မောင်းနှင်ပြီး မစန်းစန်းမော်နှင့် မချိုချိုစန်းတို့ လိုက်ပါလာသည့် သစ်သားစက်လှေကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေး၊ ရွာငံမြို့မနှင့် ပင်းတယမြို့တို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ ဝင်များအား ဆန်၊ ဆီ၊ ဆား အမယ်သုံးမျိုးနှင့် ချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ အောင်ချမ်းသာစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီရုံးဝင်း၌ နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ် ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများအတွက် ဝန်ထမ်းများ သက်သာချောင်ချိရေး တန်ဖိုးသင့်ထမင်းဆိုင်မှ ထမင်းနှင့် ဟင်းလျာများ ရောင်းချပေးနေမှုနှင့် ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ဟင်းသီးဟင်းရွက်များနှင့် နေပြည်တော် MSME ထုတ်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုနှင့် ဝန်ထမ်းများ ဝယ်ယူနေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၊ အားကစားရုံများ၌ အားကစားနည်းများအလိုက် ဆက်လက်ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များ လူငယ်စကားဝိုင်းနှင့် လူငယ်လေ့လာရေးခရီးစဉ် (၁/၂၀၂၄) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် - ၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ကျင်းပရာ နံနက်ပိုင်းတွင် သုတေသနစာတမ်းရှင်များက အခြေခံ သုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတမ်းစုစုပေါင်း ၁၀ စောင်ကို ဖတ်ကြားတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့တွင် တာဝန်ထမ်းဆောင်နေသော စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဝန်ထမ်းများကို ပြည်နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

YPS ကတ်ဖြင့် ‌ပေးချေအသုံးပြုနိုင်သည့် YBS ယာဉ်လိုင်းများတွင် စက်မဖွင့်ထားပါက ကားနံပါတ်နှင့် ယာဉ်အမှတ်ကို ပေးပို့အကြောင်းကြားလျှင် သက်ဆိုင်ရာယာဉ်လိုင်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ချက်ချင်းစစ်ဆေးပြင်ဆင်အရေးယူပေးနေကြောင်း Yangon Payment Service-YPS ထံမှ သိရသည်။ ခရီးသည်တစ်ဦးက YBS ယာဉ်လိုင်းအချို့ စက်ပိတ်ထားမှုနှင့်ပတ်သက်၍ Yangon Payment Service-YPS ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာထက်တွင် စစ်ဆေးပေးရန် မှတ်ချက်ပြုထားသည့်အပေါ် အထက်ပါအတိုင်းဖြေကြားပေးထားခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

One pay Application ဖြင့်လည်း အွန်လိုင်းမှ ရွှေဝယ်ယူနိုင်ပြီဖြစ်ကာ ရွှေဝယ်ယူစုဆောင်းလိုသူများအနေဖြင့် ၎င်းတို့အသင်းရုံးသို့ ဆက်သွယ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း(YGEA)မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ သုတေသနပိုင်းဆိုင်ရာတွင် ထိရောက်စွာအသုံးချနိုင်မှု အားနည်းနေသေးသော်လည်း ကျန်းမာရေးဆိုင်ရာ သုတေသနဖော်ထုတ် လက်တွေ့အသုံးချမှုနယ်ပယ်၌ အောင်မြင်မှုများရရှိနေသည်ကို တွေ့ရသည်။ ကျင်းပပြုလုပ်လျက်ရှိသည့် (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၌ ကျန်းမာရေးသုတေသနပညာရှင်များက သုတေသနရလဒ်များကို ထုတ်ဖော်အသိပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2024

ငွေစက္ကူအသုံးပြုမှုလျော့ကျလာပြီး ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ပိုမိုသုံးစွဲလာခြင်းအားဖြင့် ငွေကြေးလုပ်ငန်းများ ပိုမိုလုံခြုံချောမွေ့လျင်မြန်လာစေသည်။ မိုဘိုင်းငွေပေးချေမှုကို စနစ်တကျ သုံးစွဲခြင်းဖြင့် လုပ်ငန်းတော်တော်များများ ထိုင်ရာမထပြီးမြောက်နိုင်သည်။ အွန်လိုင်းအသုံးပြုမှုများပြားလာသည့်အခါ မသမာသူများ၊ ဒုစရိုက်သမားများလည်း အွန်လိုင်းပေါ်သို့ ရောက်လာသည်။ အွန်လိုင်းပေါ်မှတစ်ဆင့် သားကောင်များကိုရှာဖွေကာ နည်းအမျိုးမျိုးဖြင့် လိမ်လည်မှုများ ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

(၇၆) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၄ ရက်တွင်ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်