နေပြည်တော် မေ ၃၁
၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်းဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်လုပွဲ (အမျိုးသား) ပွဲစဉ်ဖြစ်သည့် လေကြောင်းအတတ်သင်လေတပ် စခန်းဌာနချုပ်အသင်းနှင့် လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများ၊ ဒိုင်းဆုရရှိသည့် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (အမျိုးသား) အသင်းနှင့် နမ့်စန်လေတပ်စခန်းဌာနချုပ် (အမျိုးသမီး) အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်စားလေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ်ဝင်းမောင်သိန်းနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်းဘော်လီဘောပြိုင်ပွဲကို လေတပ်စခန်းဌာနချုပ်နှင့် လေတပ်စခန်းအသီးသီးမှ ပြိုင်ပွဲဝင်အမျိုးသား ဘော်လီဘောအသင်း ၁၅ သင်း၊ အမျိုးသမီးဘော်လီဘောအသင်း ၁၂ သင်းတို့ဖြင့် မေလ ၂၀ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။