Feb 24, 2024
ကျွန်တော်တို့နိုင်ငံအနေနဲ့ Online လောင်းကစားမှုတွေ၊ ငွေကြေးလိမ်လည်မှုများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းလျက်ရှိပါတယ်။ ဒီတာချီလိတ်မှာဆိုရင် ဒီနေ့မနက် ၅ နာရီလောက်မှာ တာချီလိတ်၊ ဆန်ဆိုင်း (က) ရပ်ကွက်မှာရှိတဲ့နေရာမှာ ကျွန်တော်တို့ Online လောင်းကစားတွေ၊ Online ငွေကြေးလိမ်လည်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းရရှိတဲ့အတွက် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် တိုးနယားလမ်းမှာရှိတဲ့ ကျော်သိန်း (ခေါ်) ခွန်မောင်ညို ပိုင်ဆိုင်တဲ့ ခြံဝင်းမှာ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံသူ၊ နိုင်ငံသား ၁၄၈ ဦး ကျား ၇၅ ဦး၊ မ ၇၃ ဦး ပေါင်း ၁၄၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၇၃ ဦး၊ မ ၃၆၇ ဦး စုစုပေါင်း ၅၄၀ ဦးပေါ့။ အားလုံး ထိုင်း၊ တရုတ်၊ မြန်မာ အားလုံးပေါင်း ၆၈၉ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီမှာ သူတို့အသုံးပြုတဲ့ မော်တော်ယာဉ် ရှစ်စီး၊ မော်တော်ဆိုင်ကယ် အစီး ၁၂၀၊ Online ဂိမ်း လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ Desktop computer များကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီနေရာမှာ နှစ်ဧကခန့်၊ နှစ်ဧကလောက် ကျယ်ဝန်းတဲ့ခြံဝင်း ထဲမှာ နှစ်ထပ်ဆောင် သုံးဆောင်၊ ဆောက်လုပ်ဆဲ အလူမီနီယံတွေနဲ့ လုပ်ဆောင်နေတဲ့ဟာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေကော၊ တခြား အိမ်နီးချင်း နိုင်ငံတွေကော ထိခိုက်စေတဲ့ Online လောင်းကစားမှု၊ Online ငွေရေးကြေးရေး လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနဲ့ တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ပါတယ်လို့ ပြောလိုပါတယ်။
Feb 24, 2024
ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်၊ ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်၊ ရေရှည်တည်တံ့ခိုင်မြဲသော တိုင်းပြည်အနာဂတ်ကို တည်ဆောက်သည့်အခါတွင် ပညာကို အခြေခံသည့် ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာအောင် ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးကြရသည်။ ဗလငါးတန်တွင် ဉာဏဗလဖြစ်သည့် ပညာတတ်လူငယ်များ စဉ်းစားချင့်ချိန်ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ပညာများ တိုးပွားလာအောင် ဖန်တီးပေးကြရမည်ဖြစ်သည်။
Feb 23, 2024
တပ်မတော်(ရေ)မှ ဇန်နဝါရီ ၂၂ ရက် ညနေ ၃ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်၌ “အေးမြတ်အောင်”စက်လှေကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ စက်လှေပေါ်တွင် မူးယစ်ဆေးဝါးများ လွှဲပြောင်းလက်ခံသယ်ဆောင်ရန် စောင့်ဆိုင်းနေသည့် ဇော်မင်းဦး၊ ကိုကိုဇော်၊ လွှမ်းအောင်၊ သူရစိုးနှင့် ထွန်းဦးတို့ ၅ ဦးအား တွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် “အေးမြတ်အောင်” အမည်ရှိ ပင်လယ်ပြင်သွားစက်လှေပိုင်ရှင် တင်ရှိန်နှင့် စိုးရန်နိုင်(ခ) နောင်နောင်အား ပုသိမ်မြို့တွင်လည်းကောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့၌ ဌေးအောင်(ခ)ပေါက်စအား ကျောင်းကုန်းမြို့နယ်တွင်လည်းကောင်း
Feb 23, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်မှာ အရပ်သား ၁၄ ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း အဆိုပါဖမ်းဆီးခံရသူများသည် ဖေဖော်ဝါရီ ၁၈ ရက်နေ့က မံစီမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA ၊ PDF အမည်ခံအကြမ်းဖက်သမားများ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဗန်းမော်မြို့သို့ ခေတ္တတိမ်းရှောင်လာသူများဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ၎င်းဂိတ်တွင် ဖမ်းဆီးမှုများရှိကြောင်း ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်နှင့် အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 23, 2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ တည်းခိုခန်းများတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဧည့်စာရင်းစစ်ဆေးပြီး ရခိုင်တိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်သူ ၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း အထင်အမြင်လွဲမှားဖွယ် ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 23, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 23, 2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 23, 2024
တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသူ/သား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံ သူ/သား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
Feb 23, 2024
မိဘပြည်သူများအား Online မှတစ်ဆင့် အတိုးနှုန်းမြင့်မားစွာဖြင့် ချေးငွေပေးခြင်းများ ပြုလုပ်၍ ၎င်းချေးငွေများအား အမြန်ဆုံးပြန်လည်ပေးသွင်းစေခြင်း၊ ပေးသွင်းခြင်းမရှိပါက အဆိုပါချေးငွေရယူစဉ် နည်းပညာအသုံးပြု၍ ၎င်းတို့ရယူထားသည့် အချက်အလက်များကို အသုံးချကာ ခြိမ်းခြောက်ငွေတောင်းခံခြင်းစသည်ဖြင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက်ရှိကြောင်း လိမ်လည်ခံရသူများ၏ တိုင်ကြားချက်များ၊ အခြားသတင်းအချက်အလက်များအရ သိရှိရသဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မှုခင်းရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။
Feb 23, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ လူမှုဖူလုံရေးဆေးခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံက လူမှုဖူလုံရေးဆေးခန်းနှင့် တောင်ဥက္ကလာပ လူမှုဖူလုံရေးမြို့နယ်ရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
Feb 23, 2024
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး (၁)စီးအား ယနေ့နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ရှိသည်။
Feb 23, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ချင်းပြည်နယ်ဟားခါးမြို့ရှိ ဝန်ထမ်းများကို အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံကာ တစ်ဦးချင်း အခက်အခဲများကိုမေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
Feb 23, 2024
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
Feb 23, 2024
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
Feb 23, 2024
မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေးကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ် Know-ledge Sharing Program အရ “လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်း အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။
Feb 23, 2024
မြန်မာ့ဓလေ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီး ဌာန ဦးစီးရုံးချုပ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
Feb 23, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် သပြေတန်းအုပ်စု ကွင်းအမှတ် - ၁၆၄၂ ငွေလျှံကုန်းကွင်း တောင်သူဒေါ်ယုယုလွင်၏ ဆောင်းနေကြာနှင့် ဖူးစားပြောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုအားပေးကာ ဆောင်းသီးနှံရိတ်သိမ်းပြီး နွေသီးနှံဖြစ်သည့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးသည့်သီးနှံအလိုက် ထိရောက်သောရေပေးဝေမှု စီမံခန့်ခွဲနိုင်ရန်အတွက် ရေသွင်းနိုင်မည့်နည်းစနစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်ပေးရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
Feb 23, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ UMFCCI အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ကော်မတီများမှ တာဝန်ခံများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးသည်။
