Feb 21, 2024
(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၃၀)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ(က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
Feb 21, 2024
၂၀.၂.၂၀၂၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၀၃/၆-၇ ရှိ တံတားအမှတ်၊ (၁၄၅)တွင် မိုင်းပေါက်ကွဲသံများကြားရသဖြင့် ကျောက်တံခါး-ပိန်းဇလုပ် ရထားလမ်းပိုင်းအား ခေတ္တပိတ်ထားခဲ့ရပါသည်။
Feb 21, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၁ ရက်နေ့ထိ အပန်းဖြေခရီးသွားရောက်ခဲ့သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ တပ်မတော်ဆေးရုံ၊ ဆေးခန်းများ၌ တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသော တပ်မတော်သား အရာရှိ၊ စစ်သည်များသည် ယနေ့ညနေပိုင်းတွင် မော်တော်ယာဉ်များဖြင့် ချောင်းသာကမ်းခြေမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Feb 21, 2024
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ လူသွားလူလာရှင်းသည့်နေရာများတွင် ဆိုင်ကယ်များအား အုပ်စုဖွဲ့၍ ဓားထောက်လုယက်မှုများအား အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
Feb 21, 2024
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က တပ်မတော်မှ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ခြင်းကြောင်း ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံ၊ သီလရှင်ကျောင်းနှင့် လူနေအဆောက်အဦများ ပိုမိုပျက်စီးခဲ့ရကြောင်းနှင့် ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က တစ်ဖက်သတ်စွပ်စွဲရေးသားချက်များကို ပြည်သူများအထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 21, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ငရုပ်ကောင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ ၃ ရက်တာအတွင်း ည ၈ နာရီနောက်ပိုင်း အပြင်မှာတွေ့ရှိသည့် လူငယ်လူရွယ် အမျိုးသား ၂၀ ဦးကျော်ကို ကျေးရွာထိပ်တွင် ကင်းပုန်းချထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အဆိုပါလူငယ်များကို စစ်သင်တန်းပေးမည်ဟု ကောလာဟလသတင်းအမှားများကို လူငယ်လူရွယ်များနှင့် မိဘပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာအချို့က လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 21, 2024
ရန်ကုန်မြို့မှ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ကို လေယာဉ်ဖြင့်ပြန်လာသည့် ခရီးသည် ၆၀၀ နီးပါးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က အဆိုပါ လေဆိပ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးနေကြောင်း ပြည်သူများကြောက်ရွံ့ ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထင်အမြင်လွဲမှားစေမည့် သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာအချို့က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 21, 2024
မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီလိုစိတ်များရှိစေရန် ရည်ရွယ်ချက်များဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
Feb 21, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ငင်းဦးစားပေးဆောင်ရွက်ရ မည့်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
Feb 21, 2024
နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအား အပြည့်အဝလည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဘိလပ်မြေ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 21, 2024
မြန်မာနိုင်ငံပြတိုက်များဥပဒေကြမ်းကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံအစည်းအဝေးခန်းမ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမျိုးသားပြတိုက်(ရန်ကုန်)နှင့် ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အငြိမ်းစားပညာရှင်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 21, 2024
နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကို ရရှိနိုင်သည့် အရေးကြီးသော ရင်းမြစ်တစ်ခုဖြစ်သည်။ သန်းခေါင်စာရင်း၏ ထူးခြားသောအရည်အသွေးတစ်ခုမှာ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်ထိ အချက်အလက်များကို ပံ့ပိုးပေးနိုင်ခြင်းပင်ဖြစ်သည်။ ကောက်ယူရရှိသော အချက်အလက်များသည် အုပ်ချုပ်မှုနယ်ပယ်အဆင့်တိုင်းတွင် ထိရောက်သော ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်းနှင့် အထောက်အထားပေါ်အခြေခံသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့အတွက် မရှိမဖြစ်လိုအပ်သည်။
Feb 21, 2024
ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အင်ပင်သာကျေးရွာ၊ ခမည်းတော် ဦးမြင့်+ မယ်တော် ဒေါ်ရွှေကုံးတို့မှ ၁၂၉၁ ခုနှစ် သီတင်းကျွတ် လဆန်း (၁၃) ရက် အင်္ဂါနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
Feb 21, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ အောင်သပြေရပ်ကွက်လေသာကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တစန္ဒဝံသ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) သက်တော် (၉၅) နှစ်၊ သိက္ခာတော် (၇၅) ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၅ ခုနှစ် တပို့တွဲလဆန်း (၉)ရက် (၁၈-၂-၂၀၂၄)ရက် တနင်္ဂနွေနေ့ ည ၈ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
Feb 21, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ငွေကျပ် သုံးဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Feb 21, 2024
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများက နယ်မြေခံတပ်နယ် အောင်ဆန်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
Feb 21, 2024
(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းသစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရေဆင်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစားသစ်တောအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ သုတေသနစာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 21, 2024
နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးမည့် တောင်သူများထံ သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအုပ်စု ရေအေး KC ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 21, 2024
နေပြည်တော် ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ် အင်ဘက်ကုန်းကျေးရွာရှိ အင်ဘက်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် Good Brothers ကုမ္ပဏီလီမိတက်တို့၏ သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်ဘက်ကုန်းကျေးရွာ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 21, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ ရွှေဆံတော်စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ရွှေဆံတော်ရင်ပြင် ဗုဒ္ဓပြတိုက်အတွင်းရှိ Digital Museum ဆောင်ရွက်ထားရှိမှု၊ ပြတိုက်ခင်းကျင်းပြသထားမှုနှင့် ရွှေဆံတော်စေတီတော် အောက်ပစ္စယံ တနင်္ဂနွေထောင့်ရှိ ကျန်စစ်သားမင်းကျောက်စာထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
