Skip to main content

Feb 27, 2024

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးတင်ဟုန်နှင့် ဒေါ်သင်းသင်းနွဲ့တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင်

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအသီးသီးတို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကလေးများအတွက် အရှေ့တောင်အာရှ ဗီဒီယိုပွဲတော် (Southeast Asia Video Festival for Children- SEAVFC) တည်ထောင်သူဥက္ကဋ္ဌ Ms. ELVIRA YAP Go နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ စတုတ္ထအကြိမ် SEAVFC ကျင်းပရေးအပါအဝင် လူငယ်ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

မျက်မှောက်ကာလတွင် ဖြစ်ပေါ်လာသော အခြေအနေနှင့်ပတ်သက်၍ ကောလာဟလအမျိုးမျိုး ပေါ်ထွက်နေသည်ကို ကြားသိကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ကောလာဟလသတင်းစကားများအပေါ်အခြေခံပြီး စိုးရိမ်ပူပန်မှု အနည်းအများဖြစ်ပေါ်လေ့ရှိသည်။ အချို့မှာ တရားဝင်သတင်းစကားများကို စူးစမ်းလေ့လာ၍ ဆောင်ရွက်ကြသူများရှိသလို အချို့မှာ စိုးရိမ်ပူပန်စိတ်ဖြင့် လုပ်မှား၊ ကိုင်မှား ဖြစ်ခဲ့ကြသူများရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်တက္ကသိုလ်ကို KNPP နှင့် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ပညာရေးဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို အဓမ္မဖမ်းဆီးခေါ်ဆောင်မှု ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ဖြစ်ပွားခဲ့ပြီးနောက် ရက်ပေါင်း ၁၀၀ စွန်းစွန်းမျှသာရှိသေးသည့်ကာလ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ကလေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို PDF အမည်ခံ အကြမ်းဖက်သမားများက အဓမ္မဖမ်းဆီးခေါ်ဆောင်မှု ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြန်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

ဒီနေ့မှာတော့ ယခင်တစ်ပတ်ထဲကအတိုင်း လူမှုကွန်ယက်စာမျက်နှာတွေ၊ အင်တာနက်ဝက်ဆိုဒ်တွေပေါ်မှာ ငွေကျပ် ၂၀၀၀၀ တန် ငွေစက္ကူတွေ ထွက်ရှိမယ်ဆိုပြီးတော့ မဟုတ်မမှန်သတင်းတု သတင်းအမှားတွေ ဆက်တိုက်ထုတ်လွှင့်နေခဲ့တာရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

လူမှုကွန်ယက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် မတ်လအတွင်း ၂၀,၀၀၀/-ကျပ်တန်များ ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကြောင့် မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ်နေပါသည်။ ၂၀,၀၀၀/-ကျပ်တန် ငွေစက္ကူအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်၍ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အများပြည်သူများအား ဟောင်းနွမ်းငွေစက္ကူများဖြင့် အထိမ်းအမှတ်ထုတ်ဝေခဲ့သည့် ၂၀,၀၀၀/-ကျပ်တန်အသစ်များအား အကန့်အသတ်ဖြင့်သာ လဲလှယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ဆင်ခြင်တုံတရားမဲ့စွာဖြင့် နည်းမျိုးစုံအသုံးပြုလျက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ်အငိုက်တွင် အကြမ်းဖက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ လူငယ်အမျိုးသား ၅၀ ဦး ထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးငွေညှစ်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ခရိုင်များတွင် တာဝန်ထမ်းဆောင်နေသော လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) များနှင့် ကြီးကြပ်သူ စုစုပေါင်း ၁၁၅ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ် - ၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၈-၂-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၂-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၆,၀၇၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၉) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

မြေပြန့်ဒေသမြို့တစ်မြို့ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့သည် စိုက်ပျိုးရေးလုပ်ငန်းသာမက မြို့၏အဓိကစား‌သောက်ကုန်များဖြစ်သော ပဲငါးပိ၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ မုန့်မျိုးစုံ လုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင်စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာသည့် မြို့ငယ်တစ်မြို့ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် RIALTO Porcelain Tile ၃၇၇၁ ဒသမ ၃၆ စတုရန်းမီတာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၅၉၉၂၈၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Plastic Packing Foil Printed For Soft Drink ကီလိုဂရမ် ၃၅၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၈၃၇၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၄၃၆၂၈၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သော တစ်မျိုး သားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲအင်းဒေသရှိ နို့စားနွားမွေးမြူရေးဇုန် ဧက ၃၀၀ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများလျာထားချက်ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး အတွက် လုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီများအနေဖြင့် တာဝန်ယူသည့် ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများနှင့်တက္ကသိုလ်တို့မှ ဝန်ထမ်းများနေထိုင်သည့် လူပျိုဆောင်/ အပျိုဆောင်များနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးလမ်းညွှန်ချက်များ၊ လုံခြုံရေးသတိနှင့် ဝန်ထမ်းအိမ်ရာသတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ Daewoo Bus များ ထုတ်လုပ်သည့် အလုပ်ရုံသို့ရောက်ရှိပြီး ထုတ်လုပ်တပ်ဆင်ထားသည့် Daewoo Bus များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်