Skip to main content

Feb 21, 2024

တရားလွှတ်တော်‌ရှေ့နေများ ကောင်စီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Cluster– 1 တိုက်အမှတ် (၆) ရှိ တရားလွှတ်တော်‌ ရှေ့နေများကောင်စီရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အပါယ်မကြောက်၊ ငရဲမကြောက် သတ်ဖြတ်နေကြသူများ” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

ဧရာဝတီတိုင်းဒေသကြီးအဆင့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့ မြို့တော်အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသား တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

မြန်မာ-ရုရှား နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နိုင်ငံရေးရာဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အန်ဒရေးရူဒန်ကိုတို့ ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

စိုက်ပျိုးမွေးမြူရေး အခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ သိသာစွာ ပြောင်းလဲတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့် လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

အာဆီယံနိုင်ငံများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းလာစေရေး အာဆီယံဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop to Strengthen Capacity of National Mechanism for the Advancement of Women in AMS) ကို ယနေ့နံနက် ၈ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

ဧရာဝတီတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြန်အောင်မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ၇၃ ခုမှ ပြည်သူ ၅၉၃ ဦး၊ ပန်းတနော်မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ၅၆ ခုမှ ပြည်သူ ၅၉၂ ဦး စုစုပေါင်း ၁၁၈၅ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြောင်းမြပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စာသင်ခန်းများအတွင်း ဆရာ ဆရာမများက ဘာသာရပ်များကို သင်ကြားနည်းစနစ်တကျဖြင့် သင်ကြားပို့ချပေးနေမှုကို ကြည့်ရှု သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ MSMEs လုပ်ငန်းရှင်များ တက်ရောက်ကြပြီး အာဆီယံ- ဂျပန်စင်တာမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yu Bo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် Horizon Lake View Resort ၌ အလုပ်သဘောနေ့လယ်စာ (Working Lunch) ဖြင့် တည်ခင်းဧည့်ခံ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း၍ အာဆီယံဖွံ့ဖြိုးမှုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အာဆီယံစီမံချက်ရေးဆွဲရေးသင်တန်း (ASEAN Project Development Training) ဖွင့်ပွဲကို နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးချုပ်မှ တာဝန်ခံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေး လုပ်ငန်းများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

ပြည်ထောင်စုဖွားအားလုံးတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး မိသားစုပမာ စည်းလုံးညီညွတ်စွာဖြင့် နှစ်ပေါင်းထောင်ချီ အတူယှဉ်တွဲနေထိုင်လာခဲ့ကြရာ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် သိက္ခာရှိရှိ ခံ့ညားထည်ဝါစွာ ရပ်တည်နေထိုင်လျက်ရှိပါသည်။ အကြောင်းကြောင်းကြောင့် ဆုံးရှုံးခဲ့ရသောလွတ်လပ်ရေးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရယူနိုင်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2024

နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများအရ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတို့မှာ အရေးကြီးဆုံးသောလုပ်ငန်းတာဝန်များဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ မြို့၊ ရွာများမှာ လုံခြုံမှုကင်းမဲ့ကာ တည်ငြိမ်အေးချမ်းမှုပျက်ယွင်းလျက်ရှိသည့်အတွက် ဒေသခံပြည်သူတို့မှာ အထိတ်တလန့်၊ ကျီးလန့်စာစားနေထိုင်ကြရသည်။ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မြို့၊ ရွာများ၊ နိုင်ငံပိုင်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့ကို မထောက်ခံသည့်ဒေသခံ ပြည်သူများကို ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 20, 2024

ကျွန်တော့်အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံသူ၊ နိုင်ငံသားများ မိဘပြည်သူများကို သိသင့်သိထိုက်တာတွေ၊ အသိပေးရမှာတွေကို စဉ်ဆက်မပျက် တင်ပြအသိပေးလျှက်ရှိပါတယ်။ ဒီနေ့မှာလည်း ထပ်မံအသိပေးတင်ပြလိုတာတွေကို တင်ပြသွားပါမယ်။

ဆက်လက်ဖတ်ရှုရန်

Feb 20, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 20, 2024

(၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၃၀) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က) အဆင့်နှင့် (ခ) အဆင့် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 20, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်မြင်သာကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းက ဒရုန်းစမ်းသပ်လွှင့်တင်ခဲ့ရာ ဘောလုံးကွင်းအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကလေး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်