Feb 27, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုလင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာအတွင်း တစ်ကွင်းတစ်စပ်တည်း နွေစပါး ဧက ၁၀၀ စံပြကွက်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
Feb 27, 2024
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမား ဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက် အမှာစကား ပြောကြားသည်။
Feb 27, 2024
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန် ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် MSMEs ထုတ်ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အသိပညာများဖြန့်ဝေနိုင်ရန်ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန်စင်တာ၏ ဘဏ္ဍာနှစ် ၂၀၂၃ အစီအစဉ်အရ National Activities Project ၂၀၂၃ ကို အကောင်အထည်ဖော်သည့်အနေဖြင့် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ Aureum Palace Hotel & Resort ၌ကျင်းပသည်။
Feb 27, 2024
ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန သုတေသနဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 27, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူ ၄၀ တက်ရောက်ကြသည်။
Feb 27, 2024
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၂၇) ကြိမ်မြောက် မြို့တော်ဂေါက်ကွင်း နှစ်ပတ်လည်အသင်းသားများ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက် သီရိမင်္ဂလာလမ်းရှိ မြို့တော်ဂေါက်ကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့တော်ဂေါက်ကွင်းအသင်းသား ဂေါက်သီးရိုက်အားကစားသမားများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
Feb 27, 2024
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် AHH Napkins Pads အမျိုးသမီး လစဉ်သုံးပစ္စည်း ကီလိုဂရမ် ၁၆၀၇၊ JFRESH LED Panel Light မီးသီးအလုံး ၅၀၀၀ အပါအဝင်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈၇၀၁၂၈) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေးရေးစခန်း၌
Feb 27, 2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ၄၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Feb 27, 2024
ဦးစီးအရာရှိ စွမ်းဆောင်ရည်မြင့်မား ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန စုဝေးခန်းမရေဆင်း၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
Feb 27, 2024
အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 27, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေး ကျွန်းစခန်းအတွင်း မုတ်ကောင်များ သားဖောက်မွေးမြူနေမှုနှင့် မုတ်ကောင်များအတွင်း ဝတ်ဆံထည့်သွင်းနေမှု လုပ်ငန်းအဆင့်ဆင့်၊ ဝတ်ဆံသွင်းမုတ်ကောင်များ ထိန်းသိမ်းထားမှု၊ မုတ်ကောင်များအတွင်းမှ ပုလဲထုတ်ယူမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီးဌာန၏ နှစ်အလိုက် လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
Feb 27, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း (မန္တလေး) ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဗက်တီးရီးယား ဌာနစိတ်၏ အစားအစာလုံခြုံရေး စစ်ဆေးသည့် 3M Petnfilm နည်းပညာအား ISO/IEC: 17025:2017 လက်မှတ်ရရှိရန် ဆောင်ရွက်နေမှုများ၊ တိရစ္ဆာန်ကူးစက်ရောဂါများ၊ တိရစ္ဆာန်မှလူသို့ကူးစက်နိုင်သော ရောဂါများနှင့်မွေးမြူရေး ထွက်ကုန်အစားအစာများဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အစားအစာဘေးကင်းစေရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး စဉ်ဆက်မပြတ်လေ့လာအားထုတ်ကြရန် လိုအပ်ချက်များ၊ မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) လုပ်ငန်းများ တိုးပွားလာရေး ကူညီအားပေးကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
Feb 27, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာစွာဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်သန်၍ တတိယအကြိမ် အသည်းရောင်အသားဝါ ဘီပိုးကာကွယ် ဆေးထိုးနှံခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ၌ ကျင်းပသည်။
Feb 27, 2024
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည် ဖော်ခွင့်ရရှိခဲ့သော စီမံချက်ဖြစ်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ် အကောင်အထည်ဖော်ရေး အတွက် အသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။
Feb 27, 2024
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင် မွေးကင်းစမှ ၅ နှစ်အထိ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်ကျွေးခြင်းနှင့် ဗီတာမင်(A) တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မန္တလေးတပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ ကလေးငယ် ၃၁၆ ဦးတို့ကို ဝက်သက်၊ ဂျိုက်သိုး၊ (BCG)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဗီတာမင်(A)များ ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးသည်။
Feb 27, 2024
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ဥပဒေပညာဌာနနှင့် နိုင်ငံရေး သိပ္ပံပညာဌာနများ၏ “လူမျိုးသုဉ်းသတ်ဖြတ်ခြင်း တိုင်ကြားမှုများအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ အရေးယူဆောင်ရွက်မှုများကို ဘာသာရပ်ဆိုင်ရာ ဆန်းစစ်ဆွေးနွေးခြင်း” အခမ်းအနားကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပသည်။
Feb 27, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ နိုင်ငံရေးရာဦးစီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနတို့မှ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
Feb 27, 2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိရာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးနှင့် တာဝန်ရှိသူများက ခရိုင်အတွင်း နယ်မြေဒေသအခြေအနေ၊ မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့်စာရင်းများ စိစစ်အတည်ပြုဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်နှင့် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူရေးအတွက် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
Feb 27, 2024
ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန (၁၂) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရုံးအမှတ် (၄၉) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနှင့် အကျဉ်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Feb 27, 2024
ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ဘားအံမြို့နယ်ရှိ သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း (လီမိတက်) ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လကာလနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပွဲကို ပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ ဘားအံမြို့၌ကျင်းပသည်။
