Skip to main content

Sep 26, 2024

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Qu Zhe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2024

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင် မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၂၇၀ တန်၊ အခြားသစ် ၀ ဒသမ ၉၁၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၂၈၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁၃ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၈၀၂၈၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2024

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၉)ရပ်ကွက် မြိုင်လမ်း အမှတ် -၂၁၄/ခ နေထိုင်သူ မောင်စိုင်းဇော်ထိုက် အသက် ၂၆ နှစ်သည် ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ သံဖြတ်စက် Cutter ထိခိုက်မိရာမှ ညာဘက်လက်မ ပြတ်တောက်သွားသည့် ဒဏ်ရာ (Right Thumb Traumatic Amputation) ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ရောက်ရှိလာရာ အဆိုပါလူနာ၏ ပြတ်တောက်သွားသော ညာဘက်လက်မအား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု (Thumb Replantation)ကို ည ၇ နာရီ ၃၅ မိနစ်တွင် စတင်ခဲ့ပြီး ည ၁၁ နာရီ ၃၅ မိနစ်တွင် ခွဲစိတ်မှုအောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2024

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2024

မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းတို့၏အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန်အတွက် ၂၈-၉-၂၀၂၄ ရက်(စနေနေ့) မွန်းလွဲ(၂)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် ဆက်လက်လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2024

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 ရှိ ဇောတိကစီမံကိန်းနှင့် ကမ်းလွန်လုပ်ကွက်အမှတ်၊

ဆက်လက်ဖတ်ရှုရန်

Sep 26, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Sep 26, 2024

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေး လူငယ်စွမ်းအားမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၂၁)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် China Eastern Airlines လေကြောင်းလိုင်းဖြင့် ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်