Skip to main content

(၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ရန် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် စက်တင်ဘာ ၄

လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 21st ASEAN Chiefs Of Defence Forces Meeting (ACDFM-21) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား တက်ရောက်ရန် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာကြသည်။

အဆိုပါ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဗီယင်ကျန်းမြို့သို့ ဒေသစံတော်ချိန် နံနက် ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် ရောက်ရှိကြရာ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးအောင်ကို၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ခင်မောင်စိုးနှင့် တာဝန်ရှိသူများက Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား လာအိုအမျိုးသားကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Khamlieng Outhakaisone က လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ညပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးသည် ဗီယင်ကျန်းမြို့ Latsavong Wanda Vista Hotel ၌ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieu-tenant General Khamlieng Outhakaisone က တည်ခင်းဧည်ခံသည့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး အထိမ်းအမှတ် ကြိုဆိုညစာစားပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးနှင့်အတူ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်