Skip to main content

(၁၉)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ကွာလာလမ်ပူ စက်တင်ဘာ ၄

(၁၉)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ (19th ASIA MEDIA SUMMIT ) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရှိ BAC Spaces၊ Petaling Jaya တွင်ကျင်းပရာ အာရှပစိဖိတ်ဒေသမှ ဆက်သွယ်ရေးနှင့်ပြန်ကြားရေးဝန်ကြီးများ၊ အာရှ၊ ပစိဖိတ်၊ အာဖရိကနှင့်ဥရောပတို့ရှိ နိုင်ငံပေါင်း ၅၀ ကျော်မှ မီဒီယာအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံယဉ်ကျေးမှုအကယ်ဒမီမှ ရိုးရာအဆိုအကများဖြင့် ဦးစွာဖျော်ဖြေတင်ဆက်သည်။

အဖွင့်အမှာစကားပြောကြား

ထို့နောက် အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD)ဒါရိုက်တာ Ms.Philomena Gnanapragasam က အဖွင့်အမှာစကားပြောကြားပြီး AIBD GC President Shri Gaurav Dwivedi က ကြိုဆိုနှုတ်ခွန်းဆက် ပြောကြားသည်။

ဆက်လက်၍ Under – Secretary General၊ UN – ESCAP Ms.Armida Salsiah Alisjahbanaနှင့် မလေးရှားနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးတို့ကလည်း အမှာစကားများ ပြောကြားကြသည်။

ယင်းနောက် High Level Session – Media အဆင့်မြင့် အရာရှိများအဆင့်အစည်းအဝေးတွင် မီဒီယာကဏ္ဍ၌ The Shifting Global Dynamics “ကမ္ဘာလုံးဆိုင်ရာ မီဒီယာအရွေ့ ၊ Opportunities and Challenges in the Creative Content Industry “ရုပ်သံလွှင့်အစီအစဉ်များ ဖန်တီးထုတ်လုပ်ရာတွင်အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ ”၊ Streng-thening Media Resillience “မီဒီယာခံနိုင်ရည်ရှိမှု ပိုမိုအားကောင်းလာစေမှု စသည့် ခေါင်းစဉ်များဖြင့် Talk Show များကျင်းပပြီး အထူးအစီအစဉ်အဖြစ် ရုပ်သံအစီအစဉ်များပြသ၍ ရှင်းလင်းပြောကြားကြသည်။

(၁၉)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ (19th ASIA MEDIA SUMMIT & ASSOCIATED MEETINGS )ကို ၂၀၂၄ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌ အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD)၏ စီစဉ်မှုဖြင့် “ Media : The New Odyssey ” ခေါင်းစဉ်သတ်မှတ်ပြီး ကျင်းပလျက်ရှိရာ မီဒီယာ၏အခန်းကဏ္ဍနှင့် သက်ရောက်မှု၊ ရုပ်သံလွှင့်လုပ်ငန်း Content ဖန်တီးမှုတွင် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ မီဒီယာခံနိုင်ရည်ရှိမှု ပိုမိုအားကောင်းလာရန်ဆောင် ရွက်ရေးအရေးကြီးမှု၊ ကွဲပြားခြားနားသောအုပ်စု အားလုံးပါဝင်သည့် ရုပ်သံထုတ်လွှင့်မှု၊ အဆင့်မြင့်ရုပ်သံ လွှင့်နည်းပညာများ ပေါ်ထွက်လာမှု၊ AI နည်းပညာ အပေါ်ယုံကြည်မှုနှင့် AI နည်းပညာကြောင့်ပြောင်းလဲမှုများ၊ နည်းပညာများ တိုးတက်မှုနှင့်အညီ မီဒီယာကဏ္ဍပြောင်းလဲမှုများနှင့် မတူကွဲပြားမှုများမြှင့်တင်ပြီး ပေါင်းစည်းနိုင်ရေး မီဒီယာ၏အခန်းကဏ္ဍဆိုင်ရာများအား ဆွေးနွေးကြခြင်းဖြစ်သည်။

 ညနေပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ Sheraton Petaling Jaya ၌ ညစာစားပွဲ Gala Dinner ကျင်းပရာ မလေးရှားနိုင်ငံယဉ်ကျေးမှုအကယ်ဒမီအဖွဲ့က ရိုးရာအကများဖြင့် ဦးစွာဖျော်ဖြေတင်ဆက်သည်။

ထို့နောက် AIBD International Media Awards ဆုရရှိသည့် ပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီးဆက်လက်၍ တေးသံရှင်များက နိုင်ငံတကာနာမည်ကြီးသီချင်းများ ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်ကျင်းပ

(၁၉)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ ဒုတိယနေ့အစီအစဉ်ကို စက်တင်ဘာ ၄ ရက်တွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရှိ BAC Spaces၊ Petaling Jaya ၌ ဆက်လက်ကျင်းပရာ Inclusive Broadcasting-Empowering Diverse Voices “ရုပ်သံထုတ်လွှင့်မှုတွင် ကွဲပြားခြားနားသောအမျိုးအစားပေါင်းစုံပါဝင်မှု ၊ Capitalising on Emerging Broadcasting Technologies “နောက်ဆုံးပေါ်ရုပ်သံ ထုတ်လွှင့်မှုနည်းပညာများ အပေါ်စုစည်းအသုံးပြုနိုင်မှု ၊ AI : Technology Trust and Transformation “ ဉာဏ်ရည်တုနည်းပညာ “ယုံကြည်မှုနှင့်အသွင်ကူးပြောင်းခြင်း စသည့်ခေါင်းစဉ်များအလိုက် Talk Show များနှင့်အတူ မီဒီယာအကြီးအကဲများ စကားဝိုင်းကို စီစဉ်ကျင်းပပြီး 19th AMS Closing Ceremony ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပသည်။

AIBD မှ နှစ်စဉ်ကျင်းပသည့် အာရှမီဒီယာထိပ်သီး ညီလာခံအစည်းအဝေးများတွင် ပြောင်းလဲတိုးတက်နေသည့် ခေတ်နှင့်နည်းပညာများအရ လိုက်လျောညီထွေဖြစ်စေမည့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများကိုဒေသတွင်း အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မီဒီယာလုပ်ငန်းအကြီးအကဲများ၊ ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ မီဒီယာ ကျွမ်းကျင်သူများနှင့် အာရှပစိဖိတ်ဒေသတွင်းမှ ဆက်စပ်အဖွဲ့အစည်းများက တက်ရောက်ဆွေးနွေးလေ့ရှိကြရာ အဆိုပါညီလာခံတက်ရောက်လာသူများအား စက်တင်ဘာ ၅ ရက်တွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရှိ Batus Caves နှင့် TRX-The Exchange များသို့ လေ့လာရေးခရီးသွားရောက်ရန် စီစဉ်ထားရှိသည်။

အဆိုပါ အာရှမီဒီယာထိပ်သီးညီလာခံသည် ထင်ရှားကျော်ကြားသည့် Media Event တစ်ခုဖြစ်ရာ အာရှ-ပစိဖိတ်ဒေသတွင်းရှိ မီဒီယာလုပ်ငန်းများချိတ်ဆက်ရန်၊ အသိပညာဗဟုသုတများဆွေးနွေးမျှဝေရန်နှင့် ရုပ်သံလွှင့်လုပ်ငန်းများ၏ အနာဂတ်ကိုဆွေးနွေးရန် မီဒီယာကျွမ်းကျင်သူများအတွက် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါ Summit အား တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားစသည့်အာရှနိုင်ငံများတွင် လှည့်လည်ကျင်းပလျက်ရှိရာ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌ ၂၀၁၅ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ယခုကိုးနှစ်အကြာတွင် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်