Sep 07, 2024
မြန်မာနိုင်ငံသည် ILO နှင့်ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaint Mechanism – NCM) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီက အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။
Sep 07, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေကို ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
Sep 07, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Sep 07, 2024
လူတို့အသက်ရှင်ရပ်တည်နိုင်ရေးအတွက် “ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်” ဟူသည့် ရှေးဆိုရိုးစကားရှိသည်။ အမှန်တကယ်တွင် “ထမင်းအသက်ခုနစ်ရက်၊ ရေအသက် တစ်မနက်၊ လေအသက်သုံးမိနစ်” ဟု ထပ်တိုးဆိုရမည်ဖြစ်သည်။ လူသတ္တဝါများ လေကိုမိနစ်အနည်းငယ်မျှမရှူရှိုက်ရသည်နှင့် အသက်သေဆုံးသွားနိုင်သည်။ ထို့ကြောင့် လေသည်လူတို့အသက်ရှင်သန်ရေးတွင် အရေးအကြီးဆုံးဒြပ်ပစ္စည်းတစ်ခုဖြစ်သည်ကို သတိပြုကြရမည်ဖြစ်သည်။
Sep 07, 2024
အနန္တစကြဝဠာကြီးတွင် ဤမြေကမ္ဘာသည်သာ သက်ရှိသတ္တဝါတို့ ရှင်သန်နေထိုင်နိုင်ရန် သဘာဝပတ်ဝန်းကျင်တို့ ဖွဲ့စည်းဖြစ်ပေါ်နေသည့် တစ်ခုတည်းသောနေရာဖြစ်သည်။ ဘောလုံးသဖွယ် လုံးဝန်းနေသည့် ကမ္ဘာကိုမြေပြင်အထက် မိုင်ပေါင်း ၃၀၀ ခန့်အထိ တည်ရှိနေသော လေထုကြီးက ဖုံးအုပ်ဝန်းရံထားသည့် ကမ္ဘာ့လေထုအတွင်း အဓိကဓာတ်ငွေ့နှစ်မျိုးဖြစ်သော နိုက်ထရိုဂျင်က ၇၈ ရာခိုင်နှုန်းနှင့် အောက်ဆီဂျင်က ၂၁ ရာခိုင်နှုန်း ပါဝင်နေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ ဟီလီယမ်၊ နီယွန်၊ အာဂွန် အစရှိသော ဓာတ်ငွေ့များပါဝင်မှုစုစုပေါင်းမှာ ၁ ရာခိုင်နှုန်းခန့်သာရှိသည်။ ထို့အပြင် ရေခိုးရေငွေ့နှင့် အမှုန်အမွှားများလည်း လေထုအတွင်းပါဝင်နေသည်။
Sep 06, 2024
မြန်မာနိုင်ငံသည် ILO နှင့် ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaint Mechanism – NCM)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီက အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။
Sep 06, 2024
နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၇ ဖွဲ့ရှိပြီး လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၄ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်သည်။
Sep 06, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “Blue Pansy” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၉) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း (၇) ရက် (တနင်္လာနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်သည်။
Sep 06, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး (ယဉ်ကျေးမှုသံရုံး)နှင့် နိုင်ငံ့ဂုဏ်ရည်စာပေတိုက်တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ခေတ်အဆက်ဆက်နှစ်သက်စရာ တရုတ်ကဗျာများစာအုပ်ကို တရုတ်၊ အင်္ဂလိပ်၊ မြန်မာသုံးဘာသာဖြင့် ထုတ်ဝေဖြန့်ချိလိုက်သည်။
Sep 06, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာရှောင်ကွင်းလမ်းအနီး၌ ရပ်တန့်ထားသော ယာဉ် ၁၀ စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဆိုင်ကယ် ၁၈၃ စီး၊ ဆိုင်ကယ်အပိုပစ္စည်းခုနစ်မျိုးနှင့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၈၀၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ယာဉ် ၁၀ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅၀၀၀၀၀၀) (စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈၃၀၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Sep 06, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 06, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း မိုးစပါးမျိုးသစ်နှင့် မိုးချည်မျှင်ရှည်ဝါစိုက်ခင်းများ၊ ရေလွှဲဆည်နှင့် ရေလှောင်တမံများ၏ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Sep 06, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
Sep 06, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ Naypyitaw State Academy တို့ ပူးပေါင်း၍ ကျင်းပသည့် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Naypyitaw State Academy မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Sep 06, 2024
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနအင်ကြင်းခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများ၊ ဥပဒေရေးဆွဲရေးအဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 06, 2024
အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၃၁ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
Sep 06, 2024
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သူများအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခုလုံး မြင်ကွင်းကျယ်အနေအထားဖြင့် ကြည့်ရှုဖူးမြော်နိုင်မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
Sep 06, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Sep 06, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။
Sep 06, 2024
မြန်မာနိုင်ငံ စာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ဦးဆောင်သော မြန်မာစာရေးဆရာအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုသံရုံး၏ ဖိတ်ကြားချက်အရ စာပေဖလှယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ နှစ်နိုင်ငံ၏ စာကောင်းပေမွန်များ အပြန်အလှန်ဘာသာပြန်ထုတ်ဝေနိုင်ရေးကိစ္စရပ်များ ဆွေးနွေးရန်နှင့် လေ့လာရေးခရီးသွားရောက်ရန်အတွက် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီ မိနစ် ၄၀ တွင် လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
