Skip to main content

Aug 13, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာန၏ စုဝေးခန်းမတွင်ကျင်းပသည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို အုန်းတောခန်းမ၌ aယနေ့နံနက် ၈ နာရီတွင် ကျင်းပရာ ဒုတိယပါမောက္ခချုပ်(စီမံ ခန့်ခွဲရေး) ဒေါ်မူမူမြင့်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိစစ်ဆေးပြီး စက်ရုံစားရိပ်သာ၌ ကျင်းပသည့် စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ပြည်ပသို့ နှစ်စဉ် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သန်းခွဲခန့်အထိ တင်ပို့လျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ကျော်ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ လက်ရှိကာလဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဩဂုတ် ၁၂ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းပြန်ကြားဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့်နည်းပြသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာသြဂုတ် ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Neoprene Adhesives လုပ်ငန်းသုံးကော် ကီလိုဂရမ် ၁၁၇၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၆၈၃၀၀၀) ကိုလည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ဇူလိုင် ၂၄ ရက်နှင့် ၂၅ ရက် က ဒေသခံပြည်သူများ၏ လက်ကိုင်ဖုန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ပြီး VPN Application တွေ့ရှိသည့် ပြည်သူသုံးဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဩဂုတ် ၁၀ ရက်က အဆိုပါပြည်သူသုံးဦးကို တစ်ဦးလျှင် ငွေကျပ် ၅ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ချင်းပြည်နယ် မင်းတပ်မြို့ရှိ နယ်မြေခံတပ်ရင်းက ဩဂုတ် ၉ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မင်းတပ်မြို့အရှေ့ဘက်တွင် တောင်ယာလုပ်ကိုင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၁၁ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျည်များကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ နှစ်ဦးသေဆုံးကာ ခုနစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်းကောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ လူငယ်များ၏ အခွင့်အရေးများ အပြည့်အဝ ဖော်ဆောင်ပေးနိုင်ရေးအတွက်လည်းကောင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့် လူငယ်ဖိုရမ်သို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေကြသည့် ကချင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၂ ရက် (ယနေ့) ညနေ ၅ နာရီတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နေပြည်တော်-တပ်ကုန်းတွင် လာရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲပထမနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြီး ပုလဲအတွဲပေါင်း ၇၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ မန္တလေးမြို့ အခြေစိုက်တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စ ကောင်းဖျင် (Ms. Gao Ping) က ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို လာရောက်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၀ နှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်စေလွှတ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိပြီး စင်ကာပူနိုင်ငံ သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုး၊ သံမှူးကြီး ဒေါ်စံရာ ရွှေကိုးနှင့် သံရုံးဝန်ထမ်းများက ချန်ဂီလေဆိပ်၌ ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်သံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ်အေအလက်ဝါနီကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ကမ္ဘာပေါ်တွင် လူအများထိခိုက်သေဆုံးမှု အဖြစ်အများဆုံးအန္တရာယ်သည် ယာဉ်အန္တရာယ်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိလမ်းများပေါ်၌ ယာဉ်မတော်တဆမှုများ နေ့စဉ်ဖြစ်ပွားရာတွင် လူအများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ယာဉ်မတော်တဆမှုများ နေ့စဉ်ဖြစ်ပွားခဲ့ပြီး ယခုအခါ ယခင်ကာလများထက်စာလျှင် ယာဉ်မတော်တဆမှုနှင့် ထိခိုက်သေဆုံးမှုများ လျော့နည်းသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း လူထုဆန္ဒပြပွဲများနှင့် အုံကြွမှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးမှနုတ်ထွက်၍ ပြည်ပသို့ ထွက်ခွာသွားခဲ့ကာ အစိုးရအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သတင်းများမှာ မိမိတို့နိုင်ငံအဖို့ စိတ်ဝင်စားဖွယ်၊ သတိပြုဖွယ်ပင်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြပွဲများသည် အလုပ်အကိုင်နေရာများ ခွဲဝေမှုအပေါ် မကျေနပ်မှုများမှ ထွက်ပေါ်လာသည်ဟုဆိုသော်လည်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သည့် အုံကြွမှုများ၏ နောက်ကွယ်တွင် ပြည်ပစွက်ဖက်မှုတို့ ရှိနေသည်ဟု သတင်းအချို့က ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ထောင်မှ ပဲးခူးတိုင်းဒေသကြီး၊ သာယာဝတီထောင်သို့ ပြောင်းရွှေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဝါးလုံး၊ နံပါတ်တုတ်နှင့် မော်တာပူလီကြိုးများဖြင့် အကြောင်းမဲ့ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံထိုင်ခိုင်းပြီး နှိပ်စက်ညှဉ်းပန်းသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် ရပ်ကွက်များအတွင်းသို့ ဩဂုတ်လ ၁၀ ရက်နေ့တွင် တပ်မတော်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်စေပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ နိုင်ငံတော်အစိုးရ၏ စီမံကိန်းလုပ်ငန်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် Drop Bomb များကြဲချတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်