Skip to main content

MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲ ကျင်းပမည်

မြန်မာနေရှင်နယ်လိဂ်က စီစဉ် ကျင်းပမည့် MNL-2 သို့ တန်းတက်ကစားခွင့်ရမည့် MNL-2 Promot-ion Amateur Club Tournament 2025 ပြိုင်ပွဲကို မတ်လဒုတိယပတ်တွင် ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွင်း ပြုလုပ်လျက်ရှိသည့် အပျော်တမ်းလိဂ်ပြိုင်ပွဲများမှ ကလပ်အသင်းများနှင့် အခြားအပျော်တမ်းကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းအရေအတွက် အပေါ်မူတည်၍ ပွဲစဉ်ရေးဆွဲကာ MNL-2 Promo-tion Amateur Club Tournament 2025 ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲရောက်ရှိသည့် နှစ်သင်းမှာ  လာမည့် ၂၀၂၅ ရာသီ MNL-2 ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရှိမည်ဖြစ်သည်။ ၂၀၂၄ ရာသီ MNL-2 ပြိုင်ပွဲအပြီးတွင် Chinland အသင်းက ချန်ပီယံဖြစ်ခဲ့ပြီး တက္ကသိုလ်အသင်းက ဒုတိယရရှိကာ လာမည့်ရာသီ MNL သို့ တန်းတက်ကစားခွင့်ရမည်ဖြစ်သည်။ အမှတ်အနည်းဆုံးရရှိသည့် ရွှေပြည်သာယူနိုက် တက်အသင်းနှင့် ဧရာဝတီရိန်းဂျားအသင်းတို့ တန်းဆင်းခဲ့ရပြီး ယင်းနှစ်သင်းနေရာတွင် အစားထိုးရန် MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲပြုလုပ်ကာ အသင်းရွေးချယ်ခြင်းဖြစ်သည်။

ရှိုင်းထက်ဇော်