Sep 15, 2024
ဒီနေ့မှာတော့ ဆိုင်ကလုန်းမုန်တိုင်း ရာဂိနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုများနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များအကြောင်း ပြောကြားလိုပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ပတ်သက်ပြီး သတိပေးချက်တွေကို ဩဂုတ်လ ၂၉ ရက်နေ့ကနေစပြီး ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အင်အားကြီးဆိုင်ကလုန်းမုန်တိုင်း ရာဂိရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရေကြီးရေလျှံမှု၊ မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုနိုင်မှုအခြေအနေတွေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ကျယ်ကျယ်ပြန့်ပြန့်သတိပေးလှုံ့ဆော်ခဲ့ပါတယ်။ ဒီလစက်တင်ဘာလ ၉ ရက်နေ့ တစ်ညတည်းမှာပဲ တပ်ကုန်း၊ နေပြည်တော်တစ်ဝိုက်မှာ မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့ပြီး ချောင်းများ ရေကြီးရေလျှံမှုဖြစ်ပွားပြီး ကျေးရွာများ၊ လူနေရပ်ကွက်များ ရေကြီးမှုတွေ၊ အိမ်ခြေ၊ လမ်းတံတားပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
Sep 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးလှမိုး၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်၍ ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ပြုပြင်ထိန်းသိမ်းလျက်ရှိမှုအခြေအနေများနှင့် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
Sep 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Sep 15, 2024
မုန်တိုင်းငယ်၏ အရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်မှစတင်၍ နေရာအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေနိမ့်ပိုင်းဧရိယာများနှင့် အနီးရှိရပ်ကွက်များ၊ ကျေးရွာများတွင် ရေများ ဝင်ရောက်ကာ ရေနစ်မြုပ်နေမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေများ ပြန်လည်ကျဆင်းလာပြီဖြစ်သည်။
Sep 15, 2024
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက သာသနာ့ဗိမာန်တော်ကြီးရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး သီရိမင်္ဂလာ(ယာယီ)ဈေးအတွင်း လှည့်လည်ကြည့်ရှုကာ သီရိမင်္ဂလာဈေး ပြန်လည်တည်ဆောက်မှုလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 15, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျွဲပွဲ-မြို့စိုးတံတားတွင် ပိတ်မိနေသည့် ရေဘေးသင့်ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 15, 2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့ ညမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးရှောင်စခန်း သုံးနေရာဖွင့်လှစ်ထားရှိကြောင်း သိရသည်။
Sep 15, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မိုးအဆက်ပြတ်ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် နမ့်လပ်ချောင်းကူးတံတား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို စက်တင်ဘာ ၁၄ ရက် တွင် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Sep 15, 2024
ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအား အလှူငွေနှင့်စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲက ရွှေပြည်ရန်နိုင်ရပ်ကွက်၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
Sep 15, 2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေလျှံတက်မှုများကြောင့် စိုးရိမ်ရေအမှတ် (၇၅၀) စင်တီမီတာအထက် ကျော်လွန်ပြီး (၉၆၈) စင်တီမီတာသို့ ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Sep 15, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ယမန်နေ့နံနက်ပိုင်းက အထက်မြစ်ညှာမှ မြစ်ရေများဆုံဆင်းလာ၍ ရပ်ကွက်နှင့် ကျေးရွာများရှိ မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်းသိရသည်။
Sep 15, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက် ရှိသောကြောင့် တောင်ငူခရိုင်တွင်းရှိ၊ တောင်ငူမြို့နယ်တွင် ရေဘေးရှောင်စခန်း(၅၁)ခု၊ အိမ်ထောင်စု(၈၉၃၁)စု၊ လူဦးရေ(၃၆၈၄၁)ဦး၊ ရေတာရှည်မြို့နယ်တွင် ရေဘေးရှောင်စခန်း (၁၈)ခု၊ အိမ်ထောင်စု(၄၂၉၆)စု၊ လူဦးရေ(၁၆၈၁၂)ဦး၊ ထန်းတပင်မြို့နယ်တွင် ရေဘေးရှောင်စခန်း (၈)ခု၊ အိမ်ထောင်စု(၉၆၂)စု၊ လူဦးရေ(၃၃၅၅)ဦး၊ အုတ်တွင်းမြို့နယ်တွင် ရေဘေးရှောင်စခန်း (၁၀)ခု၊ အိမ်ထောင်စု(၅၁၁၃)စု၊ လူဦးရေ(၂၀၇၆၄)ဦး၊ စုစုပေါင်း တောင်ငူခရိုင်အတွင်း ရေဘေးရှောင်စခန်း(၈၇)ခုရှိပြီး၊ အိမ်ထောင်စု(၁၉၃၀၂)တို့မှ ရေဘေးရှောင်ပြည်သူလူဦးရေ (၇၇၇၇၂)ဦးအား တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့မှ ဦးဆောင်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားလျက်ရှိကြောင်း သိရသည်။
Sep 15, 2024
ကရင်ပြည်နယ်အတွင်း ဇူလိုင်လနှင့်ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိုးပြီး မိုးစပါးများ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ရာ ယမန်နေ့နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာတွင် ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအတွက် ယူရီးယား/သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ပြီး မြေဩဇာစုပေါင်းကြဲပက်ခြင်းနှင့် ပိုးမွှားရောဂါ စုပေါင်းကာကွယ်နှိမ်နှင်းခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Sep 15, 2024
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒသမ ၅၄ ပေ (၈၇၀ စင်တီမီတာ)အထက်သို့ သုံးပေခွဲကျော် (၁၁၁ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
Sep 15, 2024
အားကောင်းသောမုန်တိုင်းငယ်အခြေအနေ ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် အနောက် - အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလား ပြည်နယ်ကုန်းတွင်းပိုင်းဒေသများသို့ ဆက်လက်ဖြတ်ကျော်လျက်ရှိသည်။
Sep 15, 2024
မြန်မာအစားအသောက်ဓာတ်ခွဲခန်းကွန်ရက်အသင်း နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပသည်။
Sep 15, 2024
၁။ မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေဘေးများဖြစ်ပွားလျက်ရှိရာ ရေဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် ဘဏ်များမှတစ်ဆင့် လှူဒါန်းလိုပါက မြန်မာငွေစာရင်းအမှတ် OA-011834၊ နိုင်ငံခြားငွေစာရင်းအမှတ် (0111284000000063) နှင့် (EDN-600018)တို့သို့ လည်းကောင်း၊ မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် လှူဒါန်းလိုပါက K Pay နှင့် Wave Money များသို့ ထည့်ဝင်လှူဒါန်းနိုင်သည့် QR Code များ၊ ဖုန်းနံပါတ်များကို ကြေညာပြီးဖြစ်ပါသည်။
Sep 15, 2024
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံ သားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့်မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန် ချုပ်ရုံးတို့သည် သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများမြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 15, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးကာ ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည့် တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 15, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ရောက်ရှိပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းကြောင့် မီးစက်ဖြင့် ရုပ်မြင်သံကြားနှင့်ရေဒီယိုအဆက်မပြတ် ထုတ်လွှင့်ပေးနေမှုများ၊ မီးစက်နှစ်လုံးဖြင့် အလှည့်ကျမီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများ၊ စက်ရုံလေအေးပေးစနစ်အတွက် ရေရရှိအောင်ဆောင်ရွက်နေမှုများ၊ ဝန်ထမ်းအိမ်ရာများအတွင်း လက်ဆွဲမီးစက်များဖြင့် သောက်သုံးရေအလှည့်ကျတင်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံအားပေး စကားပြောကြားသည်။
