Skip to main content

ကျောက်တံခါးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

နေပြည်တော် ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၌ ဖေဖော်ဝါရီ ၂ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီခွဲက ကျောက်တံခါး မြို့နယ် ဖဒို-ကျွန်းကုန်းလမ်း မိုင်တိုင်အမှတ် ၈၂ မိုင် ၆ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဖဒိုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ကျွန်းကုန်းဘက်မှ ဖဒိုဘက်သို့ ကျောက်တံခါးမြို့နယ် ဒညင်းကုန်းကျေးရွာနေ ဦးညွန့်ရွှေ(၆၅)နှစ် မောင်းနှင်လာသည့် YGN-6 RLG/xxxx TOYOTA VOXY ယာဉ်သည် အခင်းဖြစ်နေရာအရောက်လမ်းဘေး၌ ဈေးရောင်းနေသည့် ကျောက်တံခါးမြို့နယ်ကွင်းနောက်ရပ်ကွက်နေ မကျန်ပါး(၂၅)နှစ်နှင့် ဈေးဝယ်နေသော ဆယ့်လေးရွာကျေးရွာနေသူများဖြစ်သည့် ဒေါ်ခင်နွယ်(၅၈)နှစ်၊ ဒေါ်အေးမြင့်(၅၆)နှစ်နှင့် ဒေါ်စန္ဒာဝင်း(၃၀) နှစ်တို့လေးဦးအား ဝင်ရောက်တိုက်မိသဖြင့် မကျန်ပါးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီး ဒေါ်ခင်နွယ်၊ ဒေါ်အေးမြင့်နှင့် ဒေါ်စန္ဒာဝင်းတို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ညွန့်ရွှေအား ဖဒိုနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား