Aug 16, 2024
ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ၏ အမှတ်စဉ်(၂) ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံခန်းမ၌ ကျင်းပရာ Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား သင်တန်းသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Aug 16, 2024
၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာနရုံး အမှတ် (၄) Meeting Hall ၌ ကျင်းပသည်။
Aug 16, 2024
၂၀၂၄ ခုနှစ် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြီး တင်ဒါအမှတ်(၅)နှင့် တင်ဒါအမှတ်(၆)တို့မှ ပုလဲအတွဲပေါင်း ၂၄၀ နှင့် တင်ဒါမအောင်မြင်ခဲ့သည့် ပုလဲအတွဲများကို တင်ဒါဖွင့်ဖောက်ရောင်းချခဲ့ကာ မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
Aug 16, 2024
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံးအမှတ်(၁၆) အစည်းအဝေး ခန်းမ၌ကျင်းပရာ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 16, 2024
စက်မှုဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၇)၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
Aug 16, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဩဂုတ် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းက လေကြောင်းခရီးဖြင့် ဗီယင်ကျန်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Aug 16, 2024
သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ကျောင်းသားများ၏ စိတ်ခွန်အားနှင့် လေ့လာစူးစမ်းလိုစိတ်များကို မြှင့်တင်ပေးနိုင်ကာ ထွန်းသစ်စနျူကလီးယားနည်းပညာဆိုင်ရာ လူငယ်ပညာရှင်များကို အရည်အသွေးပြည့်မီစွာ ပေါ်ထွန်းလာစေပြီး နိုင်ငံတော်တွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုကဏ္ဍဖွံ့ဖြိုးမှုမှသည် ရေရှည်အကျိုးစီးပွားများ တိုးတက်လာစေရေး အထောက်အကူပြုနိုင်ရန် အဓိကရည်ရွယ်လျက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) တို့ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၄ (Science Festival 2024) ကို ယခုလ ၁၅ ရက်နေ့မှစ၍ ရန်ကုန်မြို့ရှိ နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ၊ ရန်ကုန်နည်း ပညာတက္ကသိုလ်နှင့် စင်ကာပူမြန်မာ သက်မွေးပညာသင်တန်း ကျောင်းတို့တွင် ရက်အလိုက် အစီအစဉ်များခွဲ၍ အသီးသီးကျင်းပလျက်ရှိသည်။
Aug 16, 2024
ဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 16, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သိပ္ပံပွဲတော် ၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာများ၌ ကျင်းပသည်။
Aug 16, 2024
မိတ်ဆွေကောင်းဟူသည် ဒုက္ခအခက်အခဲ ကြုံတွေ့နေချိန်တွင် ရှောင်ဖယ်မသွားဘဲ စိတ်ရောကိုယ်ပါ တတ်နိုင်သမျှကူညီပေးသူဖြစ်သည်။ အိမ်နီးချင်းကောင်းဟူသည် အိမ်နီးနားချင်းအချင်းချင်း အကြောင်းကိစ္စကြီးငယ်ရှိပါက မျက်နှာလွှဲဥပေက္ခာမပြုဘဲ တတ်နိုင်သမျှ ဖေးမကူညီပေးသူဖြစ်သည်။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဟူသည် ကိုယ်နှင့်ထပ်တူ ကြီးပွားတိုးတက်ရေးကို လိုလားသူဖြစ်သည်။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းသည် ထာဝရမိတ်ဆွေ၊ ယုံကြည်စိတ်ချရသော မိတ်ဆွေဖြစ်သည်။
Aug 16, 2024
လူ့ဘဝဟူသည် ဆယ်စုနှစ်အနည်းငယ်မျှသော ကာလအပိုင်း အခြားလေးတစ်ခုသာ ဖြစ်သည်။ မျက်မှောက်ခေတ်တွင် လူဖြစ်လာသူတစ်ဦးသည် ဘဝသက်တမ်း၏ သုံးပုံတစ်ပုံနီးနီးကို စာပေ၊ အတတ်ပညာစသည်တို့ သင်ကြားရန်အတွက် မဖြစ်မနေအသုံးပြုကြရသည်။ ဆက်လက်ရှင်သန်ရမည့်ဘဝအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပညာသင်ကြားကြရခြင်းဖြစ်သည်။ မိမိတို့အလေးအနက်သတိပြုကြရမည်မှာ အခြေခံပညာ၊ အဆင့်မြင့်ပညာ စသည်ဖြင့် ကျောင်းပညာများ သင်ယူကြခြင်းသည် လေ့လာသင်ယူစရာများပြားလှသည့် လူ့ဘဝတစ်သက်တာ၏ အစသာလျှင်ဖြစ်ပြီး ဆက်လက်၍ လေ့လာသင်ယူနေ ကြရဦးမည်ဟူ၍ပင်ဖြစ်သည်။
Aug 15, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်မြို့၌ ကျင်းပမည့် (၉)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ၁၅-၈-၂၀၂၄ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာမွန်းကိုးဝီစစ်စတန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။
Aug 15, 2024
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြသည်။
Aug 15, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 15, 2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ လုံခြုံကျေးရွာနှင့် မကျည်းခင်ကျေးရွာတို့ကို ဩဂုတ် ၁၄ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ရာ လုံခြုံကျေးရွာမှ နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကား ၂ စီးဖြင့် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 15, 2024
ယနေ့နံနက် ၁ နာရီခန့်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်၊ ညောင်ပင်သာဘူတာမှ လုံခြုံရေးကင်းလှည့်ထွက်ခွာလာသည့် သံလမ်းပြေးယာဉ် (RGC-89) သည် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ညောင်ပင်သာနှင့် ဖြူးဘူတာအကြားအဆန်လမ်းမိုင်တိုင်အမှတ် (၁၃၂) ကြေးနန်းတိုင်အမှတ် ၅ နှင့် ၆ အကြား၌ ဖြတ်သန်းစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က Remote မိုင်းဖြင့်ဖောက်ခွဲခဲ့သဖြင့် သံလမ်းပြေးယာဉ် (RGC-89) လမ်းချော်ကျမှုဖြစ်ပွားခဲ့ရခြင်းကြောင့် လူစီးရထားနှင့် ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
Aug 15, 2024
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ်(အတိုးနှုန်း ၁%)ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။
Aug 15, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
စာမေးပွဲဆိုင်ရာလုပ်ငန်းများကို စာမေးပွဲလုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထား၍ စနစ်တကျ ဆောင်ရွက်ကြရမည်
Aug 15, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
Aug 15, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပဲခူးဌာနခွဲတာဝန်ခံတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ခရစ်နှစ် ၁၅၁၀ တွင် မင်းကြီးညိုတည်ထောင်ခဲ့သော ကေတုမတီမြို့ဟောင်း စင်တံခါးအနီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သုတေသနပြုဖော်ထုတ်ထိန်းသိမ်းခဲ့သော မြို့ဝင်ပေါက်နှင့် မြို့ရိုးနေရာကို ကြည့်ရှုစစ်ဆေးပြီး မြို့ရိုး၏အစိတ်အပိုင်းများ၊ ပြအိုး၊ ပြကလေးများအား ပုံပေါ်အောင် ရှာဖွေလေ့လာဖော်ထုတ်ရန်နှင့် အရှေ့တောင်ထောင့်စေတီဖြစ်သော သာရမဉ္ဇူစေတီကို ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားသည်။