Aug 17, 2020
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးဌာန ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယမန်နေ့နံနက် (၉) နာရီအချိန်က ပုလောမြို့နယ်၊ ကြဲကျေးရွာ မူလွန်ကျောင်း၌ ကြဲကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
Aug 17, 2020
နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများအတွက် အခန်းပေါင်း ငါးထောင်ကျော် ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၇) လမ်းမကြီးနှင့် အမှတ်(၂) လမ်းဆုံအနီး စံပြစိုက်ပျိုးရေးအထူးဇုန်၌ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်ထံမှ သိရသည်။
Aug 17, 2020
၁။ (၁၆-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 17, 2020
မြန်မာ့ရုပ်ရှင်သည် ရုပ်ရှင်ခေတ်ဦးကာလကတည်းက အနုပညာရသ မြောက်အောင် စွမ်းဆောင် ဖန်တီးနိုင်သောကြောင့် ပြည်တွင်းနယ်ပယ် တွင် သာမက ပြည်ပနယ်ပယ်များသို့ပါ ထိုးဖောက်နိုင်စွမ်း ရှိခဲ့သည်။ ရုပ်ရှင် ဇာတ်လမ်းဇာတ်ကွက်များသည် ခေတ်ကို ထင်ဟပ်ပေါ်လွင် စေသည်။ အနုပညာရှင် များ၏ ဖန်တီးမှုများသည် ဘဝနှင့်ခေတ်ကို တစ်ထပ်တည်းကျစေသည်။ ထို့ကြောင့် အနုပညာ ဂုဏ်မြောက်၍ ထိုးဖောက်အောင်မြင် ခဲ့သည်တို့ကို တွေ့ရမည် ဖြစ်သည်။
Aug 17, 2020
ကလေးသူငယ်များကို ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်နိုင်ငံတော်အတွက် အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်ခြင်း ပင်ဖြစ်သည်။ ကလေးသူငယ်ဟုဆိုရာတွင် ၁၉၉၃ ခုနှစ် ကလေး သူငယ်ဥပဒေအရ အသက် ၁၆ နှစ်မပြည့်သူကို ကလေးသူငယ်ဟု သတ်မှတ်ထားပြီး အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးသူကို လူငယ်ဟူ၍ သတ်မှတ်ခဲ့သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူဟူသမျှ ကလေး သူငယ်သာဖြစ်သည်။
Aug 16, 2020
၁။ (၁၆-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
Aug 16, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၂) ဦး အား စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Aug 16, 2020
စိုက်ပျိုးရေ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ သမ္ဘာန်နည်းပညာ ပြန့်ပွားရေးစခန်းသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
Aug 16, 2020
ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယနေ့နံက် ၉ နာရီတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသမီးပါတီ(မွန်)၊ ကရင်ပြည်သူ့ ပါတီ(KPP)၊ လူ့ဘောင်သစ်ပါတီ( NSP)၊ ရခိုင်အမျိုးသားပါတီ၊ မြန် မာနိုင်ငံတောင်သူလယ်သမား၊ အလုပ် သမားပြည်သူ့ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ခရိုင်ကော်မရှင်ရုံးတွင် အဖွဲ့ခွဲဝင် (၁၆) ဦးဖြင့် အပြီးသတ် စိစစ်ခဲ့ကြပါသည်။
Aug 16, 2020
ကျေးရွာမီးလင်းရေးဖွင့်ပွဲကို ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာအုပ်စု၊ သင်တောကျေးရွာ ထရန်စဖော်မာအနီး၌ ယမန်နေ့နံနက်ကပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အော်ရွန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။