ပုသိမ် သြဂုတ် ၁၆
ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယနေ့နံက် ၉ နာရီတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသမီးပါတီ(မွန်)၊ ကရင်ပြည်သူ့ ပါတီ(KPP)၊ လူ့ဘောင်သစ်ပါတီ( NSP)၊ ရခိုင်အမျိုးသားပါတီ၊ မြန် မာနိုင်ငံတောင်သူလယ်သမား၊ အလုပ် သမားပြည်သူ့ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ခရိုင်ကော်မရှင်ရုံးတွင် အဖွဲ့ခွဲဝင် (၁၆) ဦးဖြင့် အပြီးသတ် စိစစ်ခဲ့ကြပါသည်။
ပုသိမ်ခရိုင်တွင် နိုင်ငံရေးပါတီ ၁၅ ခုမှ ကိုယ်စားလှယ်လောင်းများ၊တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၈ ဦးအပါ၊ ၁၆၀ ရှိပြီး အဆိုပါ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ချက်များနှင့်အညီ စိစစ်ခဲ့ပါသည်။ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရာတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် နိုင်ငံရေးပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၄၇ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီ ၆ ခုမှ အမည်စာရင်းတင်သွင်းသူ ၁၄ ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီ ၁၅ ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အပါအဝင် အမည်စာရင်းတင်သွင်းသူ ၉၉ ဦးရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားချက်များနှင့် ကိုက်ညီသည့်အ တွက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်း လွှာများ စိစစ်ပေးခဲ့ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ခင်စန္ဒာဆွေ(ပြန်/ဆက်)