May 09, 2022
ကောင်းသောစိတ်နှလုံးနှင့်ယှဉ်ပါက မကောင်းသောစိတ်နှလုံးတို့သည် ရှုံးနိမ့်စမြဲ ဖြစ်သည်။ တစ်နည်းဆိုလျှင် စိတ်ထားကောင်း၊ စိတ်ကောင်းထားလျှင် မည်သို့ပင် အခက်အခဲရှိသော်လည်း တစ်နေ့တွင် ကောင်းသောအကျိုးရလဒ်များကို ရရှိနိုင်ပေသည်။ ထို့ကြောင့် မည်သူတရားပျက်ပျက် ကိုယ်မပျက်ဘဲ ကောင်းသောစိတ်ထားဖြင့် မိမိအလုပ်ကိုမိမိ အကောင်းဆုံးဖြစ်အောင်သာ ကြိုးပမ်း လုပ်ကိုင်သွားပါလျှင် အကျိုးပေးအချိန်တန် အမှန်ရရှိနိုင်မည်ဖြစ်ပါသည်။
May 09, 2022
အခွင့်အရေးဟူသည် တရားသဖြင့် ရသင့်ရထိုက်သော အကျိုးခံစားခွင့်ဖြစ်ပြီး လူ့အဖွဲ့အစည်း အတွင်းရှိ လူတစ်ဦးချင်းစီအား ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအကြောင်းတရားလည်း ဖြစ်သည်။ အခွင့်အရေးနှင့်အတူ တာဝန်ဝတ္တရားကလည်း ယှဉ်တွဲလျက်ရှိ နေရာ အခွင့်အရေးတစ်ရပ်ကို ရယူသုံးစွဲပါက ယင်းနှင့်အတူ ရှိနေ သည့် တာဝန်ကိုလည်း ထမ်းဆောင်ကြရမည်ဖြစ်သည်။ ဒီမို ကရေစီစနစ်တွင် နိုင်ငံသားများအတွက် အခွင့်အရေးများစွာတို့ကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရေး အတွက် ပြဋ္ဌာန်းထားရာ ယင်းအခွင့် အရေးများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ကျင့်သုံးကြရမည်ဖြစ် သကဲ့သို့ပင် နိုင်ငံနှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်မှ နိုင်ငံသားကောင်းတာဝန် ကျေပွန်ကြမည်ဖြစ်သည်။
May 08, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်း ချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
May 08, 2022
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက ပခုက္ကူကျမ်းစာပေ ပထမဆုရ ဦးစိန်လှိုင်(မဟာဝိဇ္ဇာ) ရေးသားသည့် “စာမရီ” စာအုပ်ကို ၂၀၂၂ ခုနှစ် မေလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးများမှတစ်ဆင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့် လည်းကောင်း ပေးပို့လျက်ရှိသည်။
May 08, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ကျွန်ုပ်တို့သည် သဘာဝတရားနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်ရန်လိုအပ်ကြောင်း၊ မူဝါဒများနှင့် တစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်မည့် နည်းလမ်း ရွေးချယ်မှုများမှတစ်ဆင့် ပိုမိုစိမ်းလန်းသော နေထိုင်မှုပုံစံသို့ အသွင်ကူးပြောင်း နိုင်ရေးအတွက် ဖြစ်နိုင်သမျှ ဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့စွာ နေထိုင်နိုင်စေရေးအတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ သဘာဝနှင့် လိုက်လျောညီထွေ နေထိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် လူသားတိုင်း ပါဝင်ဆောင်ရွက် ကြစေလိုကြောင်း ယခုနှစ်ဆောင်ပုဒ်မှ တိုက်တွန်းထားသည်။
May 08, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ-တွံတေးလမ်းပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှု၊ တွံတေးတူးမြောင်းကို ဖြတ်ကျော်၍ တွံတေး-မအူပင်လမ်းနှင့် ချိတ်ဆက်နိုင်မည့် လမ်း/ တံတားအခြေအနေနှင့် တွံတေး-မအူပင်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
May 08, 2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပထမအကြိမ် စုပေါင်းဒုလ္လဘ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့တွင် သီရိဂန္ဓမာသပြေအေး မိုးကုတ် ဝိပဿနာကျောင်းတိုက်၌ကျင်းပရာ နိုင်ငံတော် ကောင်စီဝင်များနှင့်ဇနီးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်ဇနီး ဒေါ်ကြည်ကြည်မေ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
May 08, 2022
မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံး ချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီးသည်။ မိမိတို့တစ်ဦးချင်း နေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ Clean city၊ Clean Village များ ဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတမည် ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန် ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။
May 08, 2022
ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
May 08, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီံမံခန့်ခွဲမှုဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ တရားမဝင် ကျွန်းပါကေး အကြမ်းတုံး ၂ ဒသမ ၃၀၂၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၀,၆၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင် ၅၁/၂ အနီး၌ တရားမဝင် ပျဉ်းကတိုးခွဲသား ၇ ဒသမ ၆၃၁၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၂၆,၂၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် NISSAN UD အမျိုးအစား ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၂၁၆,၈၈၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။