Skip to main content

စာပေဗိမာန် စာအုပ်အသင်း စာအုပ်ဖြန့်ချိ

ရန်ကုန် မေ ၇

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက ပခုက္ကူကျမ်းစာပေ ပထမဆုရ ဦးစိန်လှိုင်(မဟာဝိဇ္ဇာ) ရေးသားသည့် “စာမရီ” စာအုပ်ကို ၂၀၂၂ ခုနှစ် မေလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးများမှတစ်ဆင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့် လည်းကောင်း ပေးပို့လျက်ရှိသည်။ 

စာပေဗိမာန်စာအုပ်အသင်းဝင်လိုပါက အတွင်းရေးမှူး စာပေဗိမာန်စာအုပ်အသင်း အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း-၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်