May 09, 2022
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေ့ကို မေ ၈ ရက်က ဆက်လက်ကျင်းပရာ မြန်မာ အသင်းက တီမောအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
May 09, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
May 09, 2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၌ အောက်ဖော်ပြပါ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်-
May 09, 2022
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 09, 2022
ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
May 09, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် Oriental Highway Company မှ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်-ပုသိမ်လမ်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 09, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုံနှိပ်သူ၊ ထုတ်ဝေသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
May 09, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့သည် သဘာဝတရားနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်ရန်လိုအပ်ကြောင်း၊ မူဝါဒများနှင့် တစ်ဦးချင်းစီ၏ ပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်မည့် နည်းလမ်းရွေးချယ်မှု များမှတစ်ဆင့် ပိုမိုစိမ်းလန်းသော နေထိုင်မှုပုံစံသို့ အသွင်ကူးပြောင်း နိုင်ရေးအတွက် ဖြစ်နိုင်သမျှ ဆောင်ရွက်သွားရန်နှင့် ရေရှည် တည်တံ့စွာ နေထိုင်နိုင်စေရေးအတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊ သဘာဝနှင့် လိုက်လျောညီထွေနေထိုင် ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာဆောင်ရွက်ချက်များတွင် လူသားတိုင်း ပါဝင်ဆောင်ရွက်ကြစေလို ကြောင်း ယခုနှစ်ဆောင်ပုဒ်မှ တိုက်တွန်းထားပါသည်။
May 09, 2022
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ယနေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ပို့ပလဲယား၏ အနောက်ဘက် ရေမိုင် ၂၇၀ခန့်၊ ဗီဆာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၄၅၀ ခန့်၊ ပူရီမြို့၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၄၈၅ မိုင်ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၃၀ ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေသည်။
May 09, 2022
မရမ်းကုန်းမြို့နယ် ကမ္ဘာအေး မြေတွင် တည်ထားကိုးကွယ်လျက် ရှိသော ဆဋ္ဌသင်္ဂါယနာသာသနာ့ သမိုင်းဝင် သီရိမင်္ဂလာစေတီ တော်၌ လုံးတော်ပြည့် မျက်ပါး ရွှေသင်္ကန်း ကပ်လှူမှုလုပ်ငန်း နှင့် ကြာမှောက်ကြာလန်တို့တွင် ရွှေစင်ရွှေသားရွှေပြား သင်္ကန်း တော်များ ကပ်လှူပူဇော်မှုလုပ်ငန်း ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ အားလုံး ပြီးစီးအောင်မြင်ပြီး ဖြစ်ကြောင်း သိရသည်။