Skip to main content

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ်မည်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ၊  ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၌ အောက်ဖော်ပြပါ ဘွဲ့ကြို၊   ဘွဲ့လွန် သင်တန်းများကို  (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်-

 

(က)    အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ

          (၁)     ၂၀၁၉-၂၀၂၀ ပညာသင်နှစ် -  ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့်

                                      ဂုဏ်ထူးတန်း ပထမနှစ်သင်တန်းများ

          (၂)      ၂၀၂၁-၂၀၂၂ ပညာသင်နှစ်     -        ပဉ္စမနှစ် ဥပဒေပညာ၊ ပဉ္စမနှစ် ပညာရေးနှင့်

                                      ဂုဏ်ထူးတန်း တတိယနှစ် သင်တန်းများ(ဖွင့်လှစ်ဆဲ)

          (၃)     ၂၀၂၁-၂၀၂၂ ပညာသင်နှစ်     -        မဟာအရည်အချင်းစစ်သင်တန်းနှင့်

                                      မဟာဘွဲ့သင်တန်းများ(ဖွင့်လှစ်ဆဲ)

(၄)     ၂၀၂၂-၂၀၂၃ ပညာသင်နှစ်     -        ပထမနှစ်သင်တန်းများ

                                      (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ)

 

(ခ)     ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ

          (၁)     ၂၀၁၉-၂၀၂၀ ပညာသင်နှစ်     -        ပထမနှစ် သင်တန်းများ

          (၂)      ၂၀၂၂-၂၀၂၃ ပညာသင်နှစ်     -        ပထမနှစ်သင်တန်းများ

                                      (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ)

 

(ဂ)     ၂၀၂၂-၂၀၂၃  ပညာသင်နှစ်   ပထမနှစ်သင်တန်းများအတွက်   ကျောင်းအပ်လက်ခံခြင်းကို ၁၈-၄-၂၀၂၂ ရက်နေ့မှ စတင်လက်ခံဆောင်ရွက်လျက်ရှိပါသည်။

 

ပညာရေးဝန်ကြီးဌာန