Skip to main content

ပဲခူးမြို့နယ်အတွင်းရှိ သဘာဝမြေဩဇာစက်ရုံ သုံးရုံမှသဘာဝမြေဩဇာများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ပဲခူး ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွေးမြူရေးခြံများမှထွက်ရှိသော ကြက်ချေးဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်နေသော ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ အုပ်စုရှိ Myanmar Agro Eagle Co., Ltd ၊ ထန်းပင်ချောင်ကျေးရွာအုပ်စုရှိ CPP Myat Min Agro Co., Ltd နှင့် အင်းတကော်မြို့ရှိ Royal GreenSmartCo., Ltd တို့မှ အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံများသို့ ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံများက အော်ဂဲနစ်မြေဩဇာထုတ်လုပ်မှု အဆင့်ဆင့်၊ ပါဝင်ပစ္စည်းများနှင့် ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 ပဲခူးမြို့နယ်အတွင်း သဘာဝမြေဩဇာစက်ရုံ သုံးရုံရှိပြီး တစ်ရက်လျှင် တန် ၉၀ ကျော်ထွက်ရှိကာ ပါဝင်ပစ္စည်းအပေါ် မူတည်၍ မြေဩဇာတစ်အိတ်လျှင် အများဆုံး ငွေကျပ်ခြောက်သောင်းမှ အနည်းဆုံး ငွေကျပ်နှစ်သောင်းဖြစ်ကြောင်း၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းဒေသကြီးများ အပါအဝင် နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်