Sep 02, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Sep 02, 2022
မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁၀၀၀) လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ တွင် ရန်ကုန်မြို့ရှိ Asia World Port Terminal ၌ ကျင်းပသည်။
Sep 02, 2022
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ရှိရင်းစွဲခရီးသွားလာရေး လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်းပြီး ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တယ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း(နေပြည်တော်) မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး ညွှန်ကြားရေးမှူး Mr. Li Qigui တို့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
Sep 02, 2022
ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးပြီးပါကလည်း လယ်ယာမြေများကို အလွတ်မထားဘဲ ရာသီသီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးသွားရေးနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အုန္နဲကျေးရွာ၌ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။
Sep 02, 2022
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာ ပြည်မြန်မာ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှု၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များစသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Sep 02, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်၌ ရုရှားနိုင်ငံတွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေ တည်တံ့ရေး ဖိုရမ်အတွက် မြန်မာ - ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေး အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုးအား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တော်သလင်းလဆန်း (၁၁)ရက် (တနင်္လာနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
Sep 02, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၈ ရက်နှင့် ၃၁ ရက်တို့တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီကုန်သွယ်ရေးဇုန်၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော စက်မှုကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ကား အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၈၇၄၉၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Sep 02, 2022
၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ် ၃၁ ရက် ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပသည်။
Sep 02, 2022
မွန်ပြည်နယ်အစိုးရအဖွဲ့ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပသည်။
Sep 02, 2022
နိုင်ငံတော်အစိုးရက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံ စိုက်ဧရိယာဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးရန် လမ်းညွှန်ချက်အရ မိုးနေကြာ ဧက ၂၇၀၀၀၀ ကျော် စိုက်ပျိုးရမည်ဖြစ်ကြောင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားခဲ့သည်။