နေပြည်တော် ဖေဖော်ဝါရီ ၁၇
နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအား လစာနှင့်စရိတ်များ သတ်မှတ်ချက်အတိုင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြည်သူသို့အသိပေး ချက်ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် CDM အဖျက်အမှောင့်ပြုလုပ်နေသော မသမာသူအချို့ အနေဖြင့် နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအား လစာပေးတော့မည် မဟုတ်ကြောင်း အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်းများ ထုတ်လွှင့်လျက်ရှိကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယင်းကောလာဟလများအပေါ် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ နိုင်ငံတော်နှင့် ပြည်သူအပေါ် တာဝန်ကျေပွန်စွာဖြင့် မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်သွားပါရန်နှင့် လစာနှင့်စရိတ်များ သတ်မှတ်ချက်အတိုင်း ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်ဟု ဖော်ပြထားသည်။
(သတင်းစဉ်)