Skip to main content

Apr 27, 2021

၁။ ယခုအချိန် နိုင်ငံအတွင်း ဒေသအချို့တွင် ဆူပူအကြမ်းဖက်မှု အနည်းငယ်ဖြစ်ပေါ်နေမှုများ ကြောင့် ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားလုံခြုံမှုအတွက် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ် လျက်ရှိကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

၁။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားတစ်ခုလုံးကို ကောင်းမွန်စွာ သက်ဝင်လှုပ်ရှား စေရန် ဆောင်ရွက်နေကြရသူများ ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေးစနစ်များ၊ အစိုးရများ မည်သို့ပင် ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားအား စဉ်ဆက်မပြတ် သက်ဝင် လှုပ်ရှားစေရန် ဆောင်ရွက်ကြရပါသည်။ နိုင်ငံ့ဝန်ထမ်းများအနက် ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူခံခဲ့ရသူများရှိသကဲ့သို့ ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက် မှုကြောင့် ရာဇဝတ်မှုမြောက်သဖြင့် ဥပဒေကြောင်းအရ အရေးယူခံခဲ့ရသူများလည်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှူး ဗိုလ်မှူးကြီး သော်ဇင်ဦးနှင့်အတူ ဧပြီ (၂၆)ရက် နံနက်ပိုင်းတွင် မိုင်းဆတ် မြို့တွင်း လမ်းများ အခြေအနေကိုလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) လမ်းဦးစီးဌာန၊ မိုင်းဆတ်ခရိုင်မှ တာဝန်ယူ ဆောင်ရွက်နေသော မိုင်းဆတ် - တာချီလိတ်လမ်းအပိုင်း လက်ရှိ လမ်းအခြေအနေနှင့် ကွန်ကရစ် လမ်းခင်းပြီး အပိုင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံး သူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မူပိုင်ခွင့် ဥပဒေဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြည်တွင်း ကုန်စည်စီးဆင်းမှု အခြေအနေများနှင့် ပတ်သက်၍ အပတ်စဉ် ကျင်းပသည့် ဝန်ကြီးဌာနတွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေစာရင်းသို့ လှူဒါန်းသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

၁။ နိုင်ငံရေး (က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို၊ တရားမျှတမှုအပြည့် ကျင့်သုံး ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် နိုင်ရေး၊

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

၁။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင်CDM လှုပ်ရှားမှု များတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရား အသင်းအား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

ချင်းပြည်နယ် မင်းတပ်မြို့နယ်၌ လုံခြုံရေးယာဉ်တန်းကို ယနေ့တွင် ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ မောင်းပြန်သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံး ကာ သုံးဦးဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံးမော်တော်ယာဉ် တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်