Skip to main content

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းသို့ အလှူငွေလှူဒါန်းသည့် အခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၂၇

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေစာရင်းသို့ လှူဒါန်းသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀  နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကျင်းပသည်။

အခမ်းအနားသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ် ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဆပ်ကော်မတီ အဖွဲ့ဝင် များနှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ငွေကျပ် သိန်း ,၀၀၀ နှင့်အထက် အလှူရှင် ()ဦး၊ ငွေကျပ်သိန်း ၁၀၀ အလှူရှင် ()ဦးတို့ တက်ရောက်ကြသည်

အခမ်းအနားတွင် အလှူရှင်တစ်ဦးက လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိနိုင်ရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူ ရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) မြန်မာ ကျပ်ငွေစာရင်းနှင့် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရန်ပုံငွေ ထူထောင်ရသည့် ရည်ရွယ်ချက် မှာ ပြည်သူအားလုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို လျင်မြန်စွာနှင့် လုံလောက်စွာဝယ်ယူ ရရှိပြီး ထိရောက်စွာအသုံးပြုနိုင်ရန် ဖြစ်ပါကြောင်း။

နိုင်ငံတော်မှ မတည်ရန်ပုံငွေအဖြစ် ငွေကျပ်သန်း ,၀၀၀ နှင့် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ထည့်ဝင်ခဲ့ပါကြောင်း၊ ရန်ပုံငွေအား စနစ်တကျသုံးစွဲနိုင်ရေးနှင့် စာရင်းများ စနစ်တကျ ထိန်းသိမ်း ထားရှိနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း ရေးဆွဲသတ်မှတ်ပြီး အဆိုပါလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ပုံငွေသို့ ပြည်တွင်း/ ပြည်ပ အလှူရှင်များက လွယ်လင့်တကူ လှူဒါန်းနိုင်ရေး အတွက်လည်း လှူဒါန်းနိုင်သည့် နည်းလမ်းများကိုလည်း စီစဉ်ထားပါကြောင်း၊ အလှူငွေများကို နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ခွဲများအားလုံးတွင် ငွေသားဖြင့်လည်းကောင်း၊ စာရင်း ပြောင်းနည်းလမ်းဖြင့်လည်း ကောင်း၊ Mobile Application မှတစ်ဆင့်လည်းကောင်း၊ MPU Card မှတစ်ဆင့် လည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ Website မှတစ်ဆင့် လည်းကောင်း လှူဒါန်းနိုင်ကြောင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၈ ရက် ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာထားပါကြောင်း ရန်ပုံငွေသို့လှူဒါန်းသည့် အလှူရှင်များစာရင်း၊ မြန်မာကျပ် ငွေစာရင်းနှင့် နိုင်ငံခြားငွေ စာရင်းလက်ကျန်ငွေများကို  မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား နှင့် နိုင်ငံပိုင်သတင်းစာများတွင် အပတ်စဉ် သတင်းထုတ်ပြန် ကြေညာပေးလျက်ရှိပါကြောင်း

 ရန်ပုံငွေစာရင်း စတင်ဖွင့်လှစ်သည့် ဇန်နဝါရီ ၆ ရက်မှ ဧပြီ ၂၃ ရက်အထိ အလှူရှင်များမှ စုစုပေါင်း လှူဒါန်းငွေကျပ် ၂၉,၇၈၄,၂၅၀,၁၁၅ ဒသမ ၃၉ နှင့် အမေရိကန်ဒေါ်လာ ,၁၄၀,၁၄၉ ဒသမ ၅၃ ရှိ သဖြင့် နိုင်ငံတော်မှ ထည့်ဝင်ငွေအပါအဝင် ရန်ပုံငွေစုစုပေါင်းမှာ ငွေကျပ် ၃၀,၇၈၄,၂၅၀,၁၁၅ ဒသမ ၃၉ နှင့် အမေရိကန်ဒေါ်လာ ၂၅၃,၁၄၀,၁၄၉ ဒသမ ၅၃ ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ Serum Institute of India (SII) Pvt. Ltd. မှထုတ်လုပ်သည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးဖြစ်သည့် (Covishield) အကြိမ်ရေ သန်း(၃၀) ဝယ်ယူနိုင်ရေးအတွက် ပထမ အကြိမ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိ ရေးရန်ပုံ ငွေမှ အမေရိကန်ဒေါ်လာ (၇၅) သန်းကို ငွေပေးချေ ပြီးဖြစ်သဖြင့် နိုင်ငံခြားငွေ စာရင်းတွင် အမေရိကန်ဒေါ်လာ ၁၇၈,၁၄၀,၁၄၉ ဒသမ ၅၃ ကျန်ရှိပါ ကြောင်း၊ ဇန်နဝါရီ ၆ ရက်မှ ဧပြီ ၂၃ ရက်အထိ လှူဒါန်းမှုများအနက် ငွေကျပ်သိန်း တစ်ထောင်နှင့် အထက် အလှူရှင် (၅၆)ဦး၊  ငွေကျပ်သိန်းငါးရာနှင့် အထက်မှ သိန်းတစ်ထောင်အောက် အလှူရှင် (၄၀) ဦး၊  ငွေကျပ်သိန်းတစ်ရာနှင့်အထက်  ငွေကျပ်သိန်း ငါးရာအောက်အလှူရှင် (၃၂၅) ဦး၊ ငွေကျပ်တစ်သိန်းနှင့်အထက်မှ ငွေကျပ်သိန်း တစ်ရာအောက် အလှူရှင် (၆,၇၁၆) ဦးနှင့် ငွေကျပ် တစ်သိန်းအောက် အလှူရှင် (၂,၉၅၆) ဦး၊ စုစုပေါင်းအလှူရှင် (၁၀,၀၉၃) ဦးရှိပါကြောင်း၊ လှူဒါန်းငွေ ကျပ်တစ်သိန်းနှင့် အထက်အား အလှူရှင်များ၏ဆန္ဒအရ ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ် လျက်ရှိပါကြောင်း၊ ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်တွင် ပြုလုပ်ခဲ့ပြီး ငွေကျပ်သိန်း တစ်ရာနှင့်အထက် အလှူရှင် () ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း

ဂုဏ်ပြုမှတ် တမ်းလွှာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်တွင်လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှူးရုံးတွင်လည်းကောင်း၊ ထုတ်ပေးရန် စီစဉ်ထားရှိပါကြောင်း၊ လှူဒါန်းငွေများကို ရေးဆွဲ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရရှိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ဘဏ်စာရင်းတွင်ထားရှိ၍ ကာကွယ်ဆေး ဝယ်ယူရရှိရေးဆိုင်ရာ အသုံးစရိတ်များကိုသာ ပေးချေသုံးစွဲလျက်ရှိပြီး စာရင်းစစ်ဆေးမှုကိုလည်း ခံယူသွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရန် အဓိကလိုအပ်သည့် ဘဏ္ဍာငွေများကို ဝိုင်းဝန်းပါဝင်လှူဒါန်းကြသော ပြည်တွင်း/ပြည်ပ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီမှ အထူးပင် ကျေးဇူး တင်ရှိပါကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးဗဟိုကော်မတီကိုယ်စား ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အလှူရှင်များက ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေသို့ အလှူငွေ ပေးအပ်ခြင်းနှင့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)