ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်
၁။ ယခုအချိန် နိုင်ငံအတွင်း ဒေသအချို့တွင် ဆူပူအကြမ်းဖက်မှု အနည်းငယ်ဖြစ်ပေါ်နေမှုများ ကြောင့် ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားလုံခြုံမှုအတွက် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ် လျက်ရှိကြောင်း သိရှိရပါသည်။
၂။ ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားများကို လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါ က အထူးကိစ္စရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစပြီး ဘဏ်များတွင် ဘဏ် စာရင်းအသစ် များဖွင့်လှစ်၍ ငွေသားအပ်နှံထည့်သွင်းခွင့်ပြုမည်ဖြစ်ပြီး၊ ထိုစာရင်းအသစ်မှ ငွေသားပြန်လည် ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည် ဖြစ်ပါသည်။
၃။ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မတိုင်မီ ဘဏ်များတွင် စာရင်းဖွင့်လှစ်ထားသူများအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူလငွေထုတ်ကန့်သတ်ချက်များအတိုင်း ငွေသားများ ဆက်လက် ထုတ်ယူခွင့်ပြုမည်ဖြစ်ပြီး၊ အဆိုပါငွေထုတ်ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။