Skip to main content

ချင်းပြည်နယ်ရှိ မြို့နယ်အချို့၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်

 

နေပြည်တော်၊ မေ ၁၇

ချင်းပြည်နယ်ရှိ မြို့နယ်အချို့၌ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့၊ လေးလုံးရပ်ကွက်ရှိ မြို့ဝင်"ကြိုဆိုပါ၏" ဆိုင်းဘုတ်အနီး၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်းသူ အင်အား (၃၀)ဦးခန့်မှ တောင် ကုန်းပေါ်မှနေ၍ လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် အဆိုပါ လက်နက် ကိုင်သောင်းကျန်းသူအဖွဲ့များမှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်(၄)ဦးတွင် မျက်ခုံး၊ ယာလက်မောင်း၊ ဝဲခြေသလုံးတို့တွင် ထိမှန် ဒဏ်ရာ များရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး တီးတိန်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထား ရှိကြောင်း သိရသည်။

အလားတူ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် မင်းတပ်မြို့ရှိ နယ်မြေခံတပ်၊ တပ်ဂိတ်နှင့် အနောက်ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူများမှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှု ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အလားတူ ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် ကန်ပက်လက်မြို့၊ မြို့မ(၂)ရပ်ကွက်ရှိ မြို့မ ရဲစခန်းအား လက်နက်ကိုင်သောင်းကျန်းသူများက ရဲစခန်း၏ အရှေ့ မြောက်ဘက် ကိုက် ၃၀၀ ခန့်အကွာ လက်ဖက်ခင်းဘက်မှလည်းကောင်း၊ ည ၁၁ နာရီ ၁၀ မိနစ်အချိန် ခန့်တွင် ရဲစခန်း၏ အရှေ့မြောက်ဘက် ကိုက် ၂၀၀ ခန့်အကွာမှလည်းကောင်း လက်နက်ငယ်၊ တူမီး သေနတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံ ပစ်ခတ် ခဲ့ရာ အဆိုပါလက်နက်ကိုင်သောင်းကျန်းသူများမှာ ပြန်လည်ဆုတ်ခွာ သွားခဲ့ပြီး ထိတွေ့ မှုဖြစ်စဉ်များ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရ ရှိသည်။

သတင်းစဉ်