ရန်ကုန် မေ ၁၇ မြန်မာ့စီးပွားရေးဘဏ်က အများပြည်သူ များအတွက် အထူးဝန်ဆောင်မှုလုပ်ငန်း များ စတင် ဆောင်ရွက်ခြင်း အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတား မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၁)၌ ကျင်းပသည်။ အဆင်ပြေချောမွေ့ အခမ်းအနားတွင် မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးဝင်းနိုင်ဦးက ပြည်သူများ ဘဏ်စာရင်း အသစ်ဖွင့်လှစ်၍ ငွေသားအပ်နှံမှုလုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စေရန် အထူး ဝန်ဆောင်မှု အစီအစဉ်တစ်ရပ်ကို ယနေ့မှစတင်၍ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ဝန်ဆောင် ပေးမည့်လုပ်ငန်းများတွင် စာရင်းသစ်ဖွင့်သူများအတွက် အထူးကောင်တာ သီးခြားဖွင့်လှစ် ထားရှိ မည်ဖြစ်ပြီး စာရင်းအသစ် ဖွင့်လှစ်ပေးခြင်းနှင့် ငွေသားအပ်နှံ မှု လက်ခံခြင်းတို့ကို ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း၊ အဆိုပါ စာရင်းအသစ်မှ အခြားငွေပေး ချေမှုများဖြစ်သည့် စာရင်း ပြောင်း နည်းလမ်း၊ ငွေပေးအမိန့်လွှာ၊ ချက်လက်မှတ်များဖြင့် ထုတ်ပေးသည့် နည်းလမ်းများကို လည်း ဆောင်ရွက် ပေးနိုင် မည်ဖြစ် ပါကြောင်း၊ ငွေသားပြန်လည် ထုတ်ယူလိုပါကလည်း အပ်နှံထားသည့် ငွေပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပါကြောင်း၊ အဆိုပါအထူးကောင်တာ မှ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင် ဘဏ်ခွဲ ၇၆ ခုတွင် ပေးမည်ဖြစ်ပါကြောင်း၊ ငွေသားအပ်နှံမှု၊ ထုတ်ယူ မှုနှင့် ငွေလွှဲပေးပို့မှုစသည့် ဘဏ် ဝန်ဆောင်မှု လုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ ငွေလွှဲပေး သည့်အခါ ဝန်ဆောင်ခကို မြန်မာ့ စီးပွားရေးဘဏ်က ကောက်ခံ သည့် ငွေလွှဲခနှုန်းထားအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ အထူးဝန်ဆောင်မှု လုပ်ငန်းများ စတင်ဆောင်ရွက် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးရှိ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ ၊ မန်နေဂျာများ တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်