Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် မေ ၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကမ္ဘာလုံးဆိုင်ရာ အာရှ−ပစိဖိတ်ဒေသနှင့် အရှေ့တောင်အာရှ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ပူးပေါင်းဆောင်ရွက်နေမှု၊ ထိခိုက်လွယ် အုပ်စုများအား လူ့အခွင့်အရေး ချိုးဖောက်ခံရမှုမရှိစေရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဆက်လက်၍ ပူးပေါင်းဆောင် ရွက်သွားနိုင်ရေးကိစ္စ၊ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူ များ စသည့်ထိခိုက်လွယ်အုပ်စုများအတွက် ကူညီဆောင်ရွက်ပေးနေမှု၊ ထိန်းသိမ်းခံရသော လူငယ်များတွင် အသက်(၁၈)နှစ်မပြည့်သေးသူများကို ဝန်ကြီးဌာနအောက်ရှိ သန်လျင် လူငယ်သင်တန်းကျောင်းတွင် ခေတ္တထိန်းသိမ်းထားရှိမှု၊ သင်တန်းကျောင်းရှိ တရားရင်ဆိုင်နေရ သော ကလေးများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရားရင် ဆိုင်ရေးနှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့နှင့်ညှိနှိုင်း၍ လိုအပ်သောတရား ရင်ဆိုင်မှုများ မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ညှိနှိုင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥပဒေ၊ ပုဒ်မ ၂၂(က) ပါ လုပ်ငန်းအရ လူမှုဝန်ထမ်းဦးစီးဌာနက လူ့အခွင့် အရေးနှင့်စပ်လျဉ်း၍ အများပြည်သူ အသိပညာပေးလုပ်ငန်း များတွင် ကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကော်မရှင် ဥပဒေ ပုဒ်မ ၄၃ အရ လူငယ်သင်တန်းကျောင်းများသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကြည့်ရှု စစ်ဆေးပြီး ပေးပို့လာသည့် အကြံပြု ချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ ရေးဆွဲထားရှိ တင်ပြထားသော ဥပဒေ၊ နည်းဥပဒေများ၏ နောက်ဆုံးတိုးတက်မှုအခြေအနေများကို မျှဝေပြီး ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွား နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။

(သတင်းစဉ်)