Skip to main content

၂၀၂၁ ခုနှစ် မိုးရာသီ၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲယာ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးခြင်း ညှိနှိုင်းအစည်းအဝေး

နေပြည်တော် မေ ၁၈

၂၀၂၁ ခုနှစ် မိုးရာသီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲယာစိမ်းလန်း စိုပြည်ရေးအတွက် တစ်အုပ်တစ်မသစ်ပင်များ စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးပြီးသည့် အပင်များ ရှင်သန်အောင် မြင်မှုရရှိရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို  ယနေ့ မွန်းလွဲ ၂နာရီတွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် အရည်အသွေးမီ ပျိုးပင်ပေါင်း (၃၆ ဒသမ ၂၆)သန်းကို စိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးအတွက် သစ်တော ဦးစီးဌာနအနေဖြင့် ပျိုးပင်(၃၃,၁၃၄,၁၁၁)ပင်၊ အပူပိုင်းဒေသ စိမ်း လန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် (,၆၈၂,၃၇၅) ပင်နှင့် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် (၄၄၆,၃၀၁)ပင်၊ စုစုပေါင်း ပျိုးပင်(၃၆,၂၆၂,၇၈၇)ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယင်းတွင် လမ်းဘေးဝဲ/ယာ စိုက်ပျိုးခြင်းအနေဖြင့် သစ်တောဦးစီးဌာနက ပျိုးပင် (၆၈,၂၁၈) ပင်၊ အပူပိုင်း ဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနက (၂၆၆,၁၇၅)ပင် စုစုပေါင်း (၃၃၄,၃၉၃)ပင် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း။

လမ်းဦးစီးဌာနအောက်ရှိ လမ်းဘေးဝဲယာများတွင် စိုက်ပျိုးလိုသည့်နေရာများအတွက် ပျိုးပင်နှင့် နေရာဒေသအလိုက် သင့်တော်သည့် သစ်မျိုး များအား ဖြည့်ဆည်းပေးမည်ဖြစ်ပြီး လိုအပ်သည့် နည်းပညာအကူအညီများ  ပူးပေါင်းပံ့ပိုး ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက သစ်တော ပြုန်းတီးမှုများ ပိုမိုများ ပြားလာသည့်အတွက် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း ကြောင့် သစ်တောပြုန်း တီးမှုများကို ထိန်းသိမ်းရန်နှင့် သစ်ပင်စိုက်ပျိုးရာ တွင်လည်း ဒေသနှင့် ကိုက်ညီသည့် ပျိုးသက် ကောင်းမွန်သော အပင်များကို ရွေးချယ်ပြီး ရှင်သန်ဖြစ်ထွန်းအောင်မြင် အောင် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင်လည်း သစ်တော ဦးစီးဌာန၏ အကူအညီကိုရယူ၍ စုစုပေါင်းသစ်ပင် (၁၂၉,၀၀၀)ခန့်ကို စိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသစ်ပင်များ အောင်မြင်ဖြစ်ထွန်းရန်အတွက် မိမိဌာန လက်အောက်ရှိ ဦးစီးဌာနများနှင့် ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသည့် အပင်များရှင်သန်ရေးနှင့် ရေရှည်စိမ်းလန်းစိုပြည်ရေးတို့ အတွက် သစ်တောဦးစီးဌာန၏ အကြံပြုချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များကကဏ္ဍအလိုက် ရှင်းလင်းတင်ပြ သည်။

ထို့နောက် တက်ရောက်လာကြသူများက လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မသစ်ပင် စိုက်ပျိုး ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အထွေထွေဆွေးနွေေးကြပြီး ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးမှာကြားသည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ တက်ရောက်ခဲ့ပြီး သစ်တောဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ညွှန်ကြားရေးမှူးများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)