Skip to main content

အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွွယ်ရေး အထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

နေပြည်တော် ဩဂုတ် ၂၂

တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ အောက်ဆီဂျင်စက်ရုံ အတွက် လိုအပ်နေသော အောက်ဆီဂျင်အိုး(အလွတ်) ၃၅ လုံးကို လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မြောင်းမြမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၄၇ လုံးကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးကို လည်းကောင်း တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သား၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက အသီးသီးသွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့ခရိုင် ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံ စတင်ဖွင့်လှစ်ထုတ်လုပ် နေမှုကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါစက်ရုံမှ ထုတ်လုပ်သည့်ပိုလျှံသော အောက်ဆီဂျင်အိုးများကို ဝေးလံခေါင်ဖျား ဒေသဖြစ်သည့် နာဂတောင်တန်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများထံသို့ ဆက်လက် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်