Skip to main content

ဓနုဖြူမြို့နယ် အကျော်ချောင်းမအတွင်း ငါးကောင်ရေ ငါးသိန်းမျိုးစိုက်ထည့်

ဓနုဖြူ ဩဂုတ် ၂

ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ သဘာဝမြစ်ချောင်း၊ အင်းအိုင်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း ကျေးလက်နေပြည်သူများ ငါးရိက္ခာများ ပိုမိုစားသုံးနိုင်ရေးရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို အကျော်ကျေးရွာ အကျော်ချောင်းမ၌ ဩဂုတ် ၂၀ ရက်ပိုင်းက ကျင်းပသည်။

အခမ်းအနားသို့ မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်မြင့်နိုင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်ကြူကြူသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပန်းတနော်စခန်းတာဝန်ခံ ဒေါ်သင်းပပထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အင်းသားကြီးများနှင့် ရေလုပ်သားကြီးများ တက်ရောက်ပြီး နှစ်လက်မအရွယ်ရှိသော ငါးမြစ်ချင်းကောင်ရေ ၂၀၀၀၀၀၊ ရွှေဝါငါးကြင်းကောင်ရေ ၁၀၀၀၀၀၊ ငါးခုံးမကြီးကောင်ရေ ၂၀၀၀၀၀ စုစုပေါင်း ငါးကောင်ရေ ၅၀၀၀၀၀ မျိုးစိုက်ထည့်ကြောင်း သိရသည်။

သတင်းစဉ်