Skip to main content

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းစည်းဝေး

နေပြည်တော် ဩဂုတ် ၂

နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်အား စိမ်းလန်းစိုပြည်ပြီး Green City, Smart City ဖြစ်စေရေးအတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုမရှိသည့် လျှပ်စစ်စွမ်းအင်သုံး ယာဉ် (Electric Vehicle -EV) များဖြင့် အစားထိုးအသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ EV များသည် ကနဦး ရင်းနှီးမြှုပ်နှံမှု  များပြားသော်လည်း ရုပ်ကြွင်းလောင်စာသုံးယာဉ်များ၏ နှစ်အလိုက် ကုန်ကျမှုများနှင့် နှိုင်းယှဉ်ပါက တွက်ခြေကိုက်မှုရှိကြောင်းကို လေ့လာသိရှိရကြောင်း၊ EVများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ရေးနှင့် လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား အခွန်များလျှော့ပေါ့ပေးခြင်း စသည့် ဆွဲဆောင်မှုများဖြင့် ဆောင်ရွက်နိုင်ရေး တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများနေဖြင့် EV နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိပါက စက်မှုဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်ပံ့ပိုးမှုများကိုမူဝါဒ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

နေပြည်တော်နယ်မြေ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်မြေအတွင်းရှိ အသေးစား၊ အငယ်နှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရန် အရေးကြီးပါကြောင်း၊ နေပြည်တော်တွင်ရှိပြီး ဖြစ်သည့် ဒက္ခိဏသီရိ အသေးစား၊ အလတ်စား စက်မှုဇုန်ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ကူညီပံ့ပိုး ပေးရမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်

သော နည်းပညာရရှိရေး၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် မိမိတို့ဝန်ကြီးဌာနမှ အစွမ်းကုန်ကူညီ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လက်တွေ့ကျသည့်  လုပ်ငန်းဆောင်ရွက်မှု အစီအမံများအား တင်ပြဆွေးနွေးကြရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုမရှိသည့် လျှပ်စစ်စွမ်းအင်သုံးယာဉ်များ ပြည်တွင်း၌ ထုတ်လုပ် သုံးစွဲရေးနှင့် ပတ်သက်သည့် ဆောင်ရွက်ခဲ့မှု၊ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ နေပြည်တော်နယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်