နေပြည်တော် ဩဂုတ် ၂၂
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ သာသနာ့ပါလမွန်ကျောင်းတိုက်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမျူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်၌ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးများကို ဆက်ကပ်လှူဒါန်း ကြသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဣဒ္ဓိနန္ဒရာမပရိယတ္တိ စာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဝိသုဒ္ဓါရုံကျောင်းတိုက်၊ ကျုံပျော်မြို့၊ ဇေတဝန်ကျောင်းတိုက်၊ အသောကာရာမကျောင်းတိုက်၊ ဇေယျာသီရိကျောင်းတိုက်နှင့် ပြည်လုံးပေါ် ဘုရားကြီးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သီရိမင်္ဂလာသရက်တော ကျောင်းတိုက်၊ ပြင်ဦးလွင် မြို့ရှိ ခန္တီးဘုန်းတော်ကြီးကျောင်း၊ အေးမြချမ်းသာသီလရှင်စာသင်တိုက်နှင့် ဇယန်း သာသနာ့ယက္ခိတသီလရှင်စာသင်တိုက်တို့ရှိ ဆရာတော်၊သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)