နေပြည်တော် ဩဂုတ် ၂၂
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာရှိ သက်ကြီးအဘိုးအဘွားများ၊ နိုင်ငံတော်နှင့် တပ်မတော်အပေါ်အသက်ပေးလှူခဲ့သည့် စစ်သည်များ၏ မိသားစု ဝင်များ၊ ဝန်ထမ်းများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် Mask များကို လည်းကောင်း၊ နှစ်(၆၀)ပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည် နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ နယ်မြေခံ ဆေးတပ်ရင်း၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ကျိုက်မရောမြို့၊ ပြည်သူ့ဆေးရုံသို့ အလှူငွေ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဘူးများ ကိုလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့ နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာ များနှင့် PPE ဝတ်စုံများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်