Skip to main content

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှလှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ရောက်ရှိ

ရန်ကုန် သြဂုတ် ၂၂

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပေကျင်းမြို့ရှိမြန်မာသံရုံး၊ စစ်သံရုံးတို့မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ တင်ဆောင် လာသည့် Air China လေယာဉ်သည် ပေကျင်းမြို့မှ ယနေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ အဆိုပါဆေးနှင့်ဆေးပစ္စည်းများကို ဒဂုံမြို့နယ်ရှိ နယ်မြေခံ တပ်မတော်ဆေးရုံမှ ဗိုလ်မှူးကြီး ဇော်မျိုးဟန်နှင့် ကျန်းမာရေး ၀န်ကြီးဌာနမှ တာ၀န်ရှိသူများက လက်ခံရယူခဲ့သည်။

 

ထိုသို့ရောက်ရှိလာသော ဆေးနှင့်ဆေးပစ္စည်းများတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ မြန်မာ့တပ်မတော်သို့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SARS-CoV-2 Vaccine(Vero Cell) ၄၀၀၀၀၀ လုံး၊ ဆေးထိုးအပ် ၄၀၃၂၀၀ ခု၊ ပေကျင်းမြို့ရှိ မြန်မာ စစ်သံ(ကြည်း၊ရေ၊လေ)ရုံးမှ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သည့် Oxygen Concentrator ၁၆ လုံး၊ PPE ၀တ်စုံ ၂၄၀ စုံ၊ Mask  ၁၀၃၅၀၀ ခု၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး မှလှူဒါန်းသည့် Carrimycin ဆေးပြား ၇၂၀၀၀ ပြား၊ Mask  ၁၀၀၀၀၀ ခု တို့ ပါ၀င်သည်။

 

အဆိုပါ တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒဂုံမြို့နယ်ရှိ ဆေးသိုလှောင် ရေးတပ်နှင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ် ဆေးသိုလှောင်ခန်းတို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်