Skip to main content

ကျိုက်မရောမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် မဟာဖားဘောင်လှိုင်ဂူတော် အဝင်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် လမ်းတာဘောင် အကာအကွယ် နံရံတည်ဆောက်ခြင်း လုပ်ငန်းပြီးစီး

နေပြည်တော် ဩဂုတ် ၂၆

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၇၇ ဒသမ ၀၀၃ သန်းဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊  တရနာ-ဘုရားကုန်း လမ်းမကြီးမှ မဟာဖားဘောင် လှိုင်ဂူတော်အထိ ၁ မိုင် ၂ ဖာလုံအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းနှင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၆၉ ဒသမ ၆၂၇ သန်းဖြင့် ဆောင်ရွက်ခဲ့ သည်။

အဆိုပါလမ်း ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် လမ်းတာဘောင် အကာ အကွယ် နံရံနှင့် Box Culvert ၃ စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီး စီးပြီဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများ၊ ဘုရားဖူးဧည့်သည် တော်များ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)