Skip to main content

ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကေျာင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဩဂုတ် ၂၅

 

 ရမည်းသင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ  လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် သာသနာ့ဗိမာန်၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ရမည်းသင်းမြို့နယ် နဘူးကျင်း ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော်ကြီး သုံးပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်ဩဝါဒါစရိယ ရမည်းသင်းမြို့နယ် နဘူးကျင်း ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ် တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုတော်မူကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရန်အောင်မင်း၊ ကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ရမည်းသင်းမြို့နယ် နဘူးကျင်း ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော်ကြီး သုံးပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုကြသည်။

 

အခမ်းအနားတွင် နိုင်ငံတော်ဩဝါဒါစရိယ ရမည်းသင်းမြို့နယ် နဘူးကျင်း ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာန ဆိုင်ရာ အကြီးအကဲများက ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ် တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုတော်မူကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရန်အောင်မင်း၊ ကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒာ ဘာသ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာ တရားနာကြား ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း  အမျှပေးဝေကြသည်။  အလားတူ နံနက် ၁၀ နာရီတွင် ပျော်ဘွယ်မြို့ ရာပြည့်ခန်းမ၌ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီနှင့်ပဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ဆက်လက်ကျင်းပသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျော်ဘွယ်မြို့ရှိ မှန်ကျောင်းဆရာတော် ဦးဇောတိက တည်ထောင်ဖွင့်လှစ်ထားသော ဓမ္မစကူးလ်ကျောင်း တည်ဆောက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုကြ သည်။ ကိုဗစ်-၁၉ မတိုင်ခင်ကာလတွင် အဆိုပါ ဓမ္မစကူးလ်ကျောင်း၌ ကျောင်းသား ၃၅၀ ခန့်ရှိပြီး ယဉ်ကျေးလိမ္မာနှင့် ဘာသာရေးဆိုင်ရာများကို စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်း များသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် ရမည်းသင်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၄ ကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၄၄၉ပါးနှင့် သီလရှင် ခုနစ်ကျောင်း တို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော သီလရှင် ၅၉ ပါးကို ဆွမ်းဆန်တော် ၁၀၂ အိတ်၊ ဆီ ၃၀၅ ပိဿာ၊ ပဲ ၃၁ အိတ်၊ ပျော်ဘွယ်မြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်း ၄၃ ကျောင်းတွင် သီတင်းသုံးနေထိုင် တော်မူကြသော ရဟန်း၊ သာမဏေ ၅၅၆ ပါးနှင့် သီလရှင် ၅၂ ပါးကို ဆွမ်းဆန်တော် ၁၂၂ အိတ်၊ ဆီ ၃၆၅ ပိဿာ၊ ပဲ ၃၇ အိတ် စုစုပေါင်း ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်ကျောင်း ၉၄ ကျောင်းတို့တွင် သီတင်းသုံးလျက်ရှိသော ရဟန်း၊ သာမဏေ၊ သီလရှင် ၁၁၁၆ ပါးအတွက် ဆွမ်းဆန်တော် ၂၂၄ အိတ်၊ ဆီ ပိဿာ ၆၇၀ ၊ ပဲ ၆၈ အိတ်တို့ကို ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်