Skip to main content

ရေးမြို့နယ် ချောင်းတောင်တံတား၌ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ရေးကာကွယ်ရေး အထူးအဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု သတင်းသည် မဟုတ်မမှန်သတင်းဖြစ်

ရေး စက်တင်ဘာ ၂၀

ရေးမြို့နယ် ချောင်းတောင်ကျေးရွာ တံတား(ချောင်းတောင်) တံတားထိပ်ရှိ စစ်ကောင်စီ တပ်ဖွဲ့၏ စစ်ဆေးရေး ဂိတ်တစ်ခုအား ယနေ့နေ့ မွန်းလွဲ ၃ နာရီခန့်က ရေးမြို့နယ် ကာကွယ်ရေးအထူးအဖွဲ့ YSTF မှ ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊   ဗုံးပေါက်ကွဲနေစဉ် ရေးမြစ်ကူး တံတားအောက်ရှိ ကင်းပုန်းမှာ စစ်ကောင်စီတပ်ဖွဲ့မှ ဆက်တိုက် ပြန်လည်ပစ်ခတ် ခဲ့သော်လည်း ဒေသခံပြည်သူများထိခိုက်မည်ကို မလိုလားသည့်အတွက် ပြန်လည်ပစ်ခတ်ခဲ့ခြင်း မရှိဘဲ ရေးမြို့နယ် ကာကွယ်ရေးအထူးအဖွဲ့ (YSTF)တပ်သားများ ဆုတ်ခွာခဲ့ကြောင်းနှင့်  အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးနှင့် ရဲတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း YSTF က ထုတ်ပြန်ထားပါသည်ဟု မွန်ပြည်နယ် သံလွင်တိုင်းမ်သတင်း page မှ ရေးသားဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းမှာ မဟုတ်မမှန် သတင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရအဖွဲ့ အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

ရေးမြို့ ချောင်းတောင်တံတား၌ စစ်သားနှင့် ရဲတပ်သားများ လုံခြုံရေး ဆောင်ရွက်နေစဉ် အမည်မသိအမျိုးသားတစ်ဦးက တံတား၏အောက် ညနေဈေးဘက်မှ လက်လုပ်အသံဗုံးဟု ယူဆရသော အရာဝတ္ထုဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး အဖွဲ့ဝင်များအားလုံး ထိခိုက်မှု တစ်စုံတစ်ရာ ရရှိမှုမရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်မှ ပြောကြားသည်။

 

မြို့နယ်(ပြန်/ဆက်)