မန္တလေးတိုင်းဒေသကြီးတွင် လမ်းအရေအတွက်ပေါင်း ၇၄ လမ်း၊ မိုင်အရှည် ၁၆၀၈ မိုင် ၃ ဖာလုံ ၃၆၄ ပေ၊ ပေ ၁၈၀ အထက် တံတား ၆၉ စင်း၊ ပေ ၁၈၀ အောက် (Box Culvert အပါအဝင်) တံတား ၅၃၅၈ စင်းရှိကာ ခရီးလမ်းပန်းအဆင်ပြေစွာဖြင့် စည်ပင်ဖွံ့ဖြိုးနေသည့် မြန်မာနိုင်ငံ၏ တတိယမြို့တော်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးသည် လမ်းပန်းဆက်သွယ်ရေး ဆုံရာဒေသ နှင့် စီးပွားရေးအချက်အချာကျရာ ဒေသလည်းဖြစ်သည်။ ထိုကြောင့် တိုင်းဒေသကြီးအတွင်း လမ်းကွန်ရက်၊ တံတားကွန်ရက် ကောင်းမွန် စေရန်အတွက် အဆင့်မြှင့်တင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပေ ၆ဝ အထက် တံတားကြီး များ အဆင့်မြှင့်တင် ဆောင်ရွက်မှုအနေဖြင့် စုစုပေါင်းတံတား ၁၈ စင်း ဆောင်ရွက်ခဲ့သည်။
တိုင်းဒေသကြီးအတွင်းရှိ လမ်းကွန်ရက်များ အဆင့်မြှင့်တင်ခြင်းကို ကြိုးပမ်းဖော်ဆောင်ရာတွင် ရွာသစ်ထနောင်းကိုင်းလမ်းပိုင်းသည် တစ်ခုအပါအဝင် ဖြစ်သည်။ ရွာသစ်-ထနောင်းကိုင်း လမ်းပိုင်းကို အဆင့်ဆင့်မြှင့်တင်ခဲ့ရာ ယခုအခါ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ပြည်သူများ အဆင်ပြေစွာ အသုံး ပြုနိုင်အောင် အဆင့်မြှင့်တင်ဆောင်ရွက် ခဲ့ပြီဖြစ်သည်။
ထို့အတူ ချမ်းသာကုန်း - စကားအင်း အဝိုင်း - တံတားဦး အပြည်ပြည်ဆိုင်ရာ လေယာဉ် ကွင်းလမ်းကို အဆင့်မြှင့်တင်ခဲ့သည်။ ထိုသို့ အဆင့်မြှင့်တင်နိုင်ခဲ့သည့်အတွက် စဉ့်ကိုင်မြို့နယ် အပိုင်းတွင် ၂၄ ပေ အကျယ် (အသွား - အပြန်) ကတ္တ ရာလမ်း(၄မိုင်)၊ တံတားဦးမြို့နယ်အပိုင်း တွင် ၂၄ ပေ အကျယ် (အသွား-အပြန်) ကတ္တရာ ကွန်ကရစ်လမ်း (AC) (၂မိုင် ၃၄၀ပေ)နှင့် ကတ္တရာလမ်း (၁မိုင် ၇ဖာလုံ ၁၀၅ပေ) ဖြစ်ပေါ်ခဲ့ပြီ ဖြစ်သည်။
တိုင်းဒေသကြီးအတွင်းရှိ မြင်းခြံမြစ်သား-ရေဝန်းလမ်း (မိုင် ၀၁-၅၃/၇) (၅၃မိုင် ၇ ဖာလုံ) အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မိုင် (၀/၀ မှ ၂၀/၇) အထိ ၂၀ မိုင် ၇ ဖာလုံ (၂၄ ပေ အကျယ် ကတ္တရာလမ်း) Gulf Power Construction Co.,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ မိုင်၂၀/၇ မှ၃၉/၅ အထိ ၁၈ မိုင် ၆ ဖာလုံ ၁၈ ပေ အကျယ် ကတ္တရာလမ်း (၁ မိုင် ၆ဖာလုံ ၄၅၇ပေ)နှင့် ၂၄ပေ အကျယ် ကတ္တရာလမ်း (၁၆ မိုင် ၇ ဖာလုံ ၂၀၃ပေ)အား မြင်းခြံခရိုင်လမ်းဦးစီးဌာမှ လည်းကောင်း၊ မိုင် (၃၉/၅ မှ ၅၃/၇)အထိ ၁၄ မိုင် ၂ ဖာလုံ ၁၈ ပေ ( အကျယ် ကွန်ကရစ်လမ်း (၁ မိုင် ၃ ဖာလုံ ၄၇၆ပေ)နှင့် ၁၈ ပေ အကျယ် ကတ္တရာလမ်း (၁၂မိုင် ၆ ဖာလုံ ၁၈၄ ပေ)အား ကျောက်ဆည်ခရိုင် လမ်းဦးစီးဌာနမှ လည်းကောင်း တာဝန်ယူဆောင်ရွက် လျက်ရှိသည်။ ။
မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီး နားလမ်း (မိုင် ၀/၀-၄၉/၄)အထိ ၄၉ မိုင် ၄ဖာလုံ)သည် ပြည်သူများ အသုံးပြုများသည့် လမ်းပိုင်းတစ်ခုဖြစ်ပြီး မန္တလေး တိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ် (မြောက် ပိုင်း)တို့ကို ဆက်သွယ်ထားသောလမ်းဖြစ်သည်။ ယခုအခါ ၄၈ ပေ ၊ ၇၂ပေ ကတ္တရာကွန်ကရစ် (AC)လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။
တိုင်းဒေသကြီးအတွင်းရှိ ကျောက် ဆည်မြို့သည် ဖွံ့ဖြိုးတိုးတက်လာသော မြို့ပြနှင့် စက်မှုလုပ်ငန်းများ ပေါ်ထွန်းလာကာ မြို့တွင်းမှတစ်ဆင့် ကုန်တင်ယာဉ် ကြီးများ ဖြတ်သန်းသွားလာမှုများသည့် အခြေအနေတည်ရှိခဲ့သည်။ ထို့ကြောင့် ကုန်တင်ယာဉ်ကြီးများ မြို့ရှောင်လမ်းမှ တစ်ဆင့် အဆင်ပြေစွာ ကူးသန်း သွားလာနိုင်ရန်အတွက် ကျောက်ဆည် မြို့ရှောင်လမ်းအား ၇၂ ပေ အကျယ် ကွန်ကရစ်လမ်းနှင့် ဇော်ဂျီမြစ်ကူးတံတား အမှတ်(၂) (၇၂ ပေ၊ ၆လမ်းသွား)တို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်အပြီး ဆောင်ရွက်နိုင်ခဲ့သည်။
တိုင်းဒေသကြီး လမ်းဦးစီးဌာနသည် ပြည်သူများ ခရီးလမ်းပန်း အဆင်ပြေစွာ သွားလာနိုင်ရန် အတွက် လမ်းကွန်ရက်ပေါ်ရှိ တံတားကွန်ရက်များကိုလည်း တစ်ပြေးညီမြှင့်တင်ခဲ့ရာ ကျောက်ဆည်မြို့နယ် (ကျောက်ဆည်-တံတားဦးလမ်း)ပေါ်တွင် ဒွေးလှတံတားကို တည်ဆောက်ပေးနိုင်ခဲ့သည်။ အဆိုပါ တံတားသည် အပေါ်ထည် သံကူကွန်ကရစ်၊ သံကူကွန် ကရစ်ကြမ်းခင်း၊ အောက်ထည်သံကူ အုတ်မြစ် 1 m ø Bored Pile တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် ၅၄ ဒသမ ၈၆ မီတာ (၁၈ ဒသမ ၃ မီတာ x ၃ခန်း)၊ ယာဉ်သွားလမ်းအကျယ် ၇ ဒသမ ၃၅ မီတာနှင့် လူသွား လမ်းအကျယ် ၀ ဒသမ ၉ မီတာဖြင့် နှစ်ဖက်ပါရှိသည်။ ။
ထို့အတူ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် (မြစ်သား-ရွာသာ-သပြေ တောင်းလမ်း)တွင် ပေါက်ချောင်းတံတားကို တည်ဆောက်ပေးနိုင်ခဲ့သည်။ တံတားအမျိုး အစားသည် အပေါ်ထည် သံကူကွန်ကရစ်၊ သံကူကွန်ကရစ်ကြမ်းခင်း၊ အောက်ထည် သံကူကွန်ကရစ်၊ အုတ်မြစ် 1m Bored Pile ဖြစ်ကာ တံတားအရှည် ၆၇မီတာ (၁၅ ဒသမ ၂၅ မီတာ x ၂ခန်း+ ၁၈ ဒသမ ၃ မီတာ X၂ခန်း)၊ ယာဉ်သွားလမ်းအကျယ် ၇ ဒသမ ၃၅ မီတာနှင့် လူသွားလမ်းအကျယ် ၀ ဒသမ ၉ မီတာဖြင့် နှစ်ဖက်ပါရှိသည်။
တိုင်းဒေသကြီးအတွင်းရှိ လမ်းပိုင်း များ အဆင့်မြှင့်တင်ရာ B.O.T စနစ်ဖြင့်လည်း ဆောင်ရွက် နေသည်များရှိပြီး စုစုပေါင်း ၆၉၃ မိုင် ၃ ဖာလုံ ပေ ၃၇၀ ရှိ ကြောင်း သိရသည်။ B.O.T စနစ်ဖြင့် Oriental Highway Company မှ ၇ မိုင် ၅ ဖာလုံ၊ သော်တာဝင်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၁၀၉ မိုင် ၅ ဖာလုံ ပေ ၃၇၀ တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၇၈ မိုင်၁ ဖာလုံ၊ ယုဇနကုမ္ပဏီမှ ၅၃ မိုင် ၂ ဖာလုံ၊ မြတ်နိုးသူကုမ္ပဏီမှ ၁၃၆ မိုင် ၂ဖာလုံ၊ သန္တိသစ္စာကုမ္ပဏီမှ ၄၁ မိုင် ၃ဖာလုံ၊ ဆုထူးပန်ကုမ္ပဏီမှ မိုင် ၄၀၄ ဖာလုံ၊ သာယာဦးကုမ္ပဏီမှ ၅၃ မိုင် ( ၃ ဖာလုံ၊ ထွန်းညိုလူကုမ္ပဏီမှ ၅၅ မိုင် ၁ဖာလုံ၊ Gulf Power Construction Company မှ မိုင် ၂၀၇ ဖာလုံ၊ ကောင်းမွန် ကုမ္ပဏီမှ ၅ မိုင် ၆ ဖာလုံနှင့် နဒီရွှေဝါ ကုမ္ပဏီမှ ၂၅ မိုင် ၄ ဖာလုံ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အချုပ်အားဖြင့် ဆိုရသော် လူဦးရေ (၆,၁၀၂,၁၀၂)ကျော် နေထိုင်ကာ ခရိုင်ခုနစ်ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်၊ ရပ်ကွက် (၂၈၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၄၁၄) အုပ်စု၊ ကျေးရွာပေါင်း ၄၇၉၉ ရွာ တို့ဖြင့် ဖွဲ့စည်းထားသည့် တိုင်းဒေသကြီးအတွင်း တစ်နေရာနှင့်တစ်နေရာ ဆက်သွယ် သွားလာရာတွင် ခရီးမလင့်ဘဲ အဆင်ပြေစွာ သွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ချမ်းမြေ့မောင်